Wednesday, September 5, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယတပ်မတော်လေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

Image may contain: 1 person, sitting
နေပြည်တော် စက်တင်ဘာ ၎
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော်လေတပ်ဦးစီးချုပ်Air Chief Marshal BS Dhanoa, PVSM, AVSM, YSM, VM, ADC အား ယနေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲနေမှု အခြေအနေများ၊ နှစ်နိုင်ငံလေတပ်များ အကြား အတွေ့အကြုံများဖလှယ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ လေပိုင်နက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကိုပါ ပိုမိုတိုးမြှင့်နိုင်သည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် လေတပ်ဦးစီးချုပ်နှင့်အတူ အိန္ဒိယတပ်မတော်လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel Naveen Mahajan နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း တပ်မတော် သတင်းစဉ်မှ သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်

No comments:

Post a Comment