Wednesday, September 5, 2018

မိုင်းဖြတ်- ကျိုင်းတုံသွားပြည်ထောင်စုလမ်းမပေါ် ကမ်းပါးယံပြို၍ ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွား

Image may contain: one or more people, mountain, tree, grass, outdoor and nature
မိုင်းဖြတ် ၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ ၅ ရက် နံနက် ၀၆း၄၅ နာရီက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင်းဖြတ်- ကျိုင်းတုံ သွား ပြည်ထောင်စုလမ်းမကြီးပေါ် ဆိုင်းလေရွာအနီး မိုင်တိုင်အမှတ် 697 - 698 Km အကြား တောင်ကမ်းပါးယံ ပြိုကျပြီး ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကမ်းပါးယံ ပြိုကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားသည့်နေရာတွင်သော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီမှ လမ်းလုပ်သားများ၊ဌာနဆိုင်ရာဝန်ထမ်းများ စသည့်လူအင်အား၊ ဘတ်ဟိုး စက် တစ်စီး၊ မြေသယ်ယာဉ် တစ်စီး တို့ဖြင့် တာဝန်ရှိသူများက ပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ အဆိုပါနေ့နံနက် ၈ နာရီခန့်ချိန် တွင် ခရီးသွားယာဉ်ကြီး၊ယာဉ်ငယ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှောလမွန် ( ပြန် / ဆက်)

No comments:

Post a Comment