ထင်သာမြင်သာ ပြုပြင်စရာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကုန်းကြီးကျေးရွာနှင့် နားလုံကား ကျေးရွာချင်းဆက်လမ်းသည် ဘန့်ဘွေးကုန်းအုပ်စု ပင်လည်ဘူးမြို့နယ် အတွင်းရှိ ကျေးရွာများမှ အများပြည်သူ နေ့စဉ်သွားလာအသုံးပြုနေသော လမ်း ဖြစ်သည်။
အဆိုပါလမ်းကို ကျောင်းသား ကျောင်းသူများ နေ့စဉ် စက်ဘီး၊ ဆိုင်ကယ်၊ ကားများဖြင့် တစ်ဖုံ၊ ခြေကျင်ခရီးဖြင့် တစ်မျိုး၊ လူမှုရေးလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အချိန်တိုအတွင်း ခရီးပေါက်၍ သွားလာနေကြသော လမ်းဖြစ်သည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ လမ်းအသုံးပြုမှုများလာသဖြင့် အဆိုပါလမ်းမှာ ချိုင့်ခွက်၊ ရွှံ့နွံရေအိုင်များဖြင့် ပြည့်နှက်လာသည်။ ထို့ကြောင့် ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာ ခရီးသွားများက လမ်းအမြန်ကောင်းစေရန် မျှော်လင့်တောင့်တ နေကြကြောင်း သိရသည်။ လဘန်အောင်(ကချင်မြေ)

No comments:
Post a Comment