Thursday, September 27, 2018

မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်း


Image may contain: 9 people, people standing
မကွေး စက်တင်ဘာ ၂၆
၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် ကျရောက်မည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မူးယစ်တို့မှ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့က မကွေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ မကွေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဒု- တိုင်း ရဲတပ်ဖွဲ့မှူး၊ မကွေးမြို့၊ မင်းဘူးမြို့တို့ မှ ရဲအရာရှိများ၊ ဒုတိယရဲမှူးကြီးများ၊ မကွေးမြို့ဆေးရုံအုပ်ကြီးနှင့် ရဲတပ် ဖွဲ့ဝင် ၅ဝ တက်ရောက်ခဲ့ကြပြီး တပ်ဖွဲ့ဝင် ၃၉ ဦးတို့က သွေးလှူဒါန်းခဲ့ ကြသည်။
သွေးလှူရှင်များအား ကြက်ဥ၊ ပေါင်မုန့်၊ အချိုရည်၊ စွပ်ကျယ်အင်္ကျီ၊ ဓာတ်ဆားထုပ်တို့အား ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
မေသူလွင် (မကွေး -ကိုယ်ပွား)

No comments:

Post a Comment