Saturday, September 1, 2018

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်းသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ လာရောက်ဆွေးနွေးပို့ချ

Image may contain: one or more people
မန္တလေး သြဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်း၌ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) နှင့် တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာမင်း (ဒီမင်း)တို့က သတင်းရေးသားနည်းနှင့် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ ကျင့်ဝတ်တို့ကို သြဂုတ် ၂၉ ရက်က ဆွေးနွေးပို့ချခဲ့ကြသည်။
သင်တန်းသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ သတင်း မီဒီယာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့က သတင်း မီဒီယာဥပဒေစာအုပ်များကို ပေးအပ်ရာ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက လက်ခံ ပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ သည်။
သတင်းရေးသားနည်းသင်တန်းကို သြဂုတ် ၂၇ ရက်မှ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ ဖွင့်လှစ်ခဲ့သည်။
ဒီမင်း

No comments:

Post a Comment