Sunday, September 2, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဆိုးလ်မြို့ရှိ ဟယ်အီရီအနုပညာရပ်ဝန်းသို့ သွားရောက်လေ့လာ

Image may contain: 6 people, people standing, suit and outdoor
ဆိုးလ် စက်တင်ဘာ ၁
ကိုရီးယားသမ္မတနိုင်ငံ၌ ရုပ်ရှင်နှင့် ဗီဒီယိုဆိုင်ရာလေ့လာ ရေးခရီးရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့တွင် ဆိုးလ်မြို့ရှိ ဟယ်အီရီအနုပညာရပ်ဝန်းနှင့် CJ- CGV ကုမ္ပဏီတို့ကို သွားရောက်လေ့လာကြသည်။
ကြည့်ရှုလေ့လာ
နံနက်ပိုင်းတွင် ဟယ်အီရီအနုပညာရပ်ဝန်း (Heyri Art Valley)သို့ ရောက်ရှိကြပြီး ကိုရီးယားခေတ်သစ်သမိုင်း ပြတိုက် (Museum of Modern History of Korea) တွင် ကြည့်ရှုလေ့လာကြသည်။
ဟယ်အီရီအနုပညာရပ်ဝန်းကို စာရေးဆရာများ၊ ပန်းချီဆရာများနှင့် အခြားယဉ်ကျေးမှု အနုပညာရှင်များ ပေါင်း၍ ဖန်တီးထားခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပြည်တွင်း နှင့် ပြည်ပမှ နာမည်ကျော် ဗိသုကာပညာရှင်များက သဘာဝရှုခင်းပုံစံများဖြင့် မြေဧရိယာ ၄၉၅၈၆၈ စတုရန်း မီတာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ¤င်းတွင် ပြခန်း နှင့် ပြတိုက်များ၊ ရုပ်ရှင်ရုံနှင့် ဖျော်ဖြေရေးခန်းမများ၊ စာအုပ်နှင့် အနုပညာဈေးဆိုင်များ၊ စားသောက်ဆိုင်များ နှင့် တည်းခိုဆောင်များ ပါဝင်ဖွဲ့စည်းထားသည်။
မွန်းလွဲပိုင်းတွင်CJ-CGVကုမ္ပဏီသို့ ရောက်ရှိကြရာ တာဝန်ရှိသူက ¤င်းတို့ ကုမ္ပဏီသည် ကိုရီးယားသမ္မတနိုင်ငံ တွင် ရုပ်ရှင်ရုံ ၁၅၁ ရုံ၌ ပိတ်ကားပေါင်း ၁ဝဝဝ ကျော်ရှိပြီး ¤င်းတို့နိုင်ငံတွင် ရုပ်ရှင်ရုံအများဆုံး ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ တူရကီ၊ ဗီယက် နမ်၊ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့အပါအဝင် ရုပ်ရှင်ရုံ ၄၆၃ ရုံ၌ ပိတ်ကားပေါင်း ၄ဝဝဝ ကျော်ရှိပြီး ကမ္ဘာတွင် ရုပ်ရှင်ရုံပိုင်ဆိုင်မှု အများဆုံး နံပါတ် ၅ နေရာတွင် ရှိပါ ကြောင်း၊ ကိုရီးယားနိုင်ငံ၏ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုတွင် အဆင့်အတန်းမီသော ရုပ်ရှင်ရုံများစွာ တည်ထောင်နိုင်ခြင်း သည်လည်း အရေးကြီးပါကြောင်း၊ ယခုအခါMultiplex မှ Cultureplex သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိ ကြောင်း။
မျှော်မှန်းဆောင်ရွက်
ရုပ်ရှင်ကြည့် ပရိသတ်အမြဲတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ တီထွင်ဖန်တီးဆန်းသစ်မှုများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ ကြောင်း၊ ရေရှည်တွင် စက်ရုပ်(Robot)ဖြင့် သန့်ရှင်းရေး ဆောင်ရွက်မှုမှစ၍Smart Cinema ဖြစ်အောင် မျှော်မှန်း ဆောင်ရွက်နေကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၁ နိုင်ငံ၌ အဆင့်မီရုပ်ရှင်ရုံပေါင်း တစ်သောင်းခန့် တည်ထောင်နိုင်ရန် မျှော်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရုပ်ရှင်လောကရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆယ်ကျော်သက်လူငယ်များ ကို ရုပ်ရှင်ပညာ လက်ဆင့်ကမ်းပေးနိုင်ရန် ဆက်သွယ်မှု ပေါင်းကူးတံတားအဖြစ် သင်တန်းပေးနိုင်ရေး ဆက်လက် ဆွေးနွေးလိုပါကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့က ပြန်လည်မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယား သမ္မတနိုင်ငံရှိ ဂျွန်အန်းနိုင်ငံတကာ သတင်းဌာန၏ တွေ့ဆုံ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment