Thursday, August 2, 2018

မိုးညှင်းမြို့နယ်သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်(၅)နှစ်ပြည့်အထိမ်းအမှတ်မဂ္ဂဇင်းထုပ်ဝေနိုင်ရေးညှိနှိုင်ဆွေးနွေး

Image may contain: 1 person, sitting, child, table and indoor
မိုးညှင်း သြဂုတ် ၂
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ၊ ရွာသစ်ကုန်းကျေးရွာအုပ်စု ၊ထန်းတပင်ကျေးရွာသာသနာ့ရွှေသစ်ပင်ကျောင်းတိုက်(၅)နှစ်ပြည့်အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေနှိုင်ရေးအတွက်ဒုတိယအကြိမ်မြောက်ညှိနှိုင်းဆွေးနွေးပွဲကိုသြဂုတ်၁ရက်နေ့လည်၁နာရီအချိန်ကမိုးညှင်းမြို့အရှေ့စုရပ်ကွက်အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တဇယန္တမှသြဝါဒအမှာစကားပြောကြားပြီးသာသနာ့ရွှေသစ်ပင်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တတိဏ္ဏောဘာသမှမဂ္ဂဇင်းထုတ်ဝေရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည် ။
ထို့ နောက်မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးခင်မောင်ဦး(သစ္စာ/မိုးညှင်း)မှမဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက်အကြံပြုဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြ သူများမှဖြည့်စွက်အကြံပြုဆွေးနွေကြသည် ။
ထို့နောက်မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခဲ့ကြပြီးတာဝန်များခွဲဝေခဲ့ကြသည်အဆိုပါအခမ်းအနားသို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်ပဓါနနာယကဆရာတော်ဦးဇယန္တ၊ သာသနာ့ရွှေသစ်ပင်ကျောင်းတိုက်ပဓါနနာယကဆရာတော်ဦးတိဏ္ဏောဘာသနှင့်သံဃာတော်များ မိုးညှင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးဒေါ်နွယ်နွယ်အေး ၊ မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦး(သစ္စာမိုးညှင်း)နှင့်အဖွဲ့ ဝင်များ လူမှုရေးအသင်းအဖွဲ့ များနှင့်စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြကြောင်း၊သာသနာ့ရွှေသစ်ပင်မဂ္ဂဇင်းအတွက်စာမူများပေးပို့ လိုပါက အရှေ့ ကျောင်းပရိယတ္တိစာသင်တိုက်မိုးညှင်းမြို့သို့လည်းကောင်း၊ သာသနာ့ရွှေသစ်ပင်ကျောင်းတိုက် မိုးညှင်းမြို့သို့ လည်းကေင်း၊ မြို့ နယ်စာရေးဆရာအသင်းမိုးညှင်းမြို့သို့ လည်းကောင်း၊ မြို့နယ်ပြန်/ဆက် မိုးညှင်းမြို့သို့ လည်းကောင်းပေးပို့နိုင်ကြောင်းသိရသည် ။
နီတိုး(မိုးညှင်း)

No comments:

Post a Comment