Thursday, August 2, 2018

ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ လစဉ် တိုက်ကျွေးထိုးနှံပေးလျက်ရှိ

Image may contain: 1 person, sitting
ဘုတလင် သြဂုတ်(၂)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျန်းမာရေးဦးစီးဌာနက မွေးကင်းစမှ တစ်နှစ်ခွဲအထိ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေးများ လစဉ်(၁)ရက်နှင့် (၂)ရက်နေ့တိုင်း တိုက်ကျွေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကလေးငယ်များကို နှစ်လအရွယ်တွင် ပထမအကြိမ်၊ လေးလအရွယ်တွင် ဒုတိယအကြိမ်၊ ခြောက်လအရွယ်တွင် တတိယအကြိမ်၊ ကိုးလအရွယ်တွင် စတုတ္ထအကြိမ်နှင့် တစ်နှစ်ခွဲအရွယ်တွင် ပဉ္စမအကြိမ်အဖြစ် အစီအစဉ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင် အဆုပ်ရောင်(ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်နှင့် ဆုံဆို့ရောဂါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ ပေးသည်။
ကာကွယ်ဆေးများ လစဉ် တိုက်ကျွေးထိုးနှံပေးရာတွင် ဘုတလင်မြို့ပေါ်ရှိ ရပ်ကွက်သုံးခုနှင့် ကျေးရွာ(၇) ရွာအတွင်းမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးပြီး မြို့နယ်အတွင်းရှိ အခြားကျေးရွာများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ဘုတလင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်(၁)ရက်နှင့် (၂)ရက်က မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေး ငယ်(၉၈၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၄၅၁)ဦးကို ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖိုးခါး

No comments:

Post a Comment