Thursday, August 30, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ





 နေပြည်တော် သြဂုတ် ၂၉




 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးံ H.E. Mr. Khalid Hussain Memon အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် ပါကစ္စတန်-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော် ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။ သတင်းစဉ်

No comments:

Post a Comment