Wednesday, August 29, 2018

ပေါင် ၇၅ သန်းတန်တိုက်စစ်မှူး အပိုင်ဂိုးကို မသွင်းယူနိုင်ခဲ့

Image may contain: 1 person, playing a sport and outdoor
ပေါင် ၇၅ သန်းဖြင့် ခေါ်ယူထားခဲ့သည့် မန်ယူတိုက်စစ်မှူး လူကာကူဟာ မန်ယူအသင်းနဲ့ စပါးအသင်းတို့ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် (၃) မှာ အပိုင်ဂိုး ကန်သွင်း ခွင့်ရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ အဲဒီပွဲစဉ်မှာ စပါးနောက်တန်းကစားသမား ဒန်နီရို့စ်ရဲ့ အမှားကနေ ဂိုးသမား ဟူဂိုလိုးရစ်ကို ကျော်ဖြတ်ကာ အပိုင်ကန်သွင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး လူကာကူဟာ ဂိုးသမားဟူဂိုလိုးရစ် လဲကျနေတဲ့အချိန်မှာ စပါးအသင်းရဲ့ဂိုးပေါက်ကို ထောင့်ဖြတ် အနေ
အထားကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အကယ်၍ လူကာကူရဲ့ သွင်းဂိုးသာ ဂိုးဝင်ခဲ့မယ်ဆိုရင် မန်ယူအသင်းဟာ တစ်ဂိုး-ဂိုးမရှိနဲ့ စတင်ဦးဆောင်ခွင့်ရရှိခဲ့မှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး လူကာကူရဲ့ သွင်းဂိုးဟာ မန်ယူပရိသတ်တွေနဲ့ မန်ယူအသင်းအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။
နိုင်လင်းကြည်

No comments:

Post a Comment