Thursday, August 30, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကျင်းပရေးစင်တာကို ကြည့်ရှုလေ့လာ





ဘူဆန် သြဂုတ် ၂၉



 

 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ရုပ်ရှင်၊ ဗီဒီယို နည်းပညာဆိုင်ရာ လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဘူဆန်မြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဘူဆန်မြို့ရှိ ဒယ်ဆောင်း ရုပ်ရှင် အနုပညာတက္ကသိုလ်သို့ ရောက်ရှိကြပြီး ၄င်းတွင် အာရှနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ရုပ်ရှင်အတတ်ပညာဆိုင်ရာသင်တန်းများ တက်ရောက်သင်ကြားနေမှု၊ သင်ကြားပို့ချပေးသော ဘာသာရပ်များ မြန်မာနိုင်ငံသို့ လာရောက်ပူးပေါင်းပို့ချ လေ့ကျင့်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။
ဆက်လက်၍ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပရေးစင်တာသို့ ရောက်ရှိပြီး ၂ဝ၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အာရှနိုင်ငံများမှ ကျောင်းသား ကျောင်းသူများ သင်တန်း တက်ရောက်၍ သင်ကြားလေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုရီးယားရုပ်ရှင်အနုပညာ အကယ်ဒမီ(KAFA)သို့ ရောက်ရှိကြပြီး ကိုရီးယားသမ္မတနိုင်ငံတွင် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုပ်ရှင်ဥပဒေရေးဆွဲပြဋ္ဌာန်းခဲ့မှု၊ အခြေခံအဆောက်အအုံများ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုနှင့် လှူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြသည်။
သတင်းစဉ်

No comments:

Post a Comment