Thursday, August 2, 2018

လက်ကိုင်ဖုန်း နှိုက်ယူသူအား ဖော်ထုတ်ဖမ်းဆီးရမိစစ်ဆေးရာမှ ခါးပိုက်နှိုက်မှုများထပ်မံပေါ်ပေါက်

Image may contain: 2 people, people standing
ရန်ကုန်၊ သြဂုတ် ၂
ဇူလိုင်၁၃ ရက် နံနက် ၁၁း၃၀နာရီအချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဦး ----သည် အလုပ်ကိစ္စဖြင့် ကျောက်တံတားမြို့နယ်သို့လာရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ပန်းဘဲတန်း မြို့နယ်ဘက်သို့ လမ်းလျှောက်လာရာ အမှတ်(၂)ရပ်ကွက်ရှိ ဂျန်းရှင်းစီးတီး (၄)လွှာသို့အရောက် ၎င်းလွယ်ထား သည့်ကျောပိုးအိတ်အားစစ်ဆေးကြည့်ရှုရာ အိတ်မှာဇစ်ပွင့်နေပြီး ၎င်းအိတ်အတွင်းထည့်ထားသော iPhone 7 လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၁၇၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာရှိ ပတ်ဝန်းကျင်အား စစ်ဆေးတွေ့ရှိချက်များအရ ၎င်းပျောက်ဆုံး လက်ကိုင်ဖုန်းအား နှိုက်ယူသူ၏ ပုံသဏ္ဍန်အား သိရှိခဲ့ရပြီး စုံစမ်းခဲ့ရာ ၎င်းမှာ ဒလမြို့နယ်နေ ဇင်မင်းထက်(ခ) ဗလကြီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယင်းသို့ အတည်ပြုချက်အရ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇူလိုင်၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီ ၁၀မိနစ် အချိန်တွင် ဇင်မင်းထက်(ခ)ဗလကြီး၊ (၂၁)နှစ်အား ၎င်းနေထိုင်ရာ ဒလမြို့နယ်၊ သမ္မတကမ်းခြေရပ်ကွက်ရှိ လမ်းမပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် နှိုက်ယူရရှိခဲ့သည့် လက်ကိုင်ဖုန်းအား ရောင်းချထားကြောင်းပေါ်ပေါက်သဖြင့် သက်သေခံလက်ကိုင်ဖုန်းအား သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်ခဲ့သည်။
ဖမ်းဆီးရမိသူ ဇင်မင်းထက်(ခ)ဗလကြီးအား အခြား အမှုများကျူးလွန်ထားခြင်းရှိ မရှိ စစ်ဆေးခဲ့ရာ ၎င်းသည် ကျော်ထွန်းအောင်(ဖမ်းဆီးရမိထားသူ)နှင့်အတူ ၂၀၁၈ ခုနှစ်၊ မေလနှင့် ဇွန်လများအတွင်းက ဗိုလ်ချုပ်အောင် ဆန်းလမ်းမပေါ် ဗိုလ်ဆွန်ပက်လမ်းထိပ်နှင့် (၂၈)လမ်းကြား သွားလောနေသူ အမျိုးသားတစ်ဦး၏ ကျောပိုး အိတ်အတွင်းမှ iPhone 5s တစ်လုံးအားလည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေး(စီ)ရုံ၊ အပြင် ဘက်တွင်သွားလာနေသူ အမျိုးသမီးတစ်ဦးလွယ်ထားသည့် ကျောပိုးအိတ်အတွင်းက Oppo F5ဖုန်းနှင့် အမျိုးသားတစ်ဦးလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ Mi Note 4 လက်ကိုင် ဖုန်းတစ်လုံးအား လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ၂၅ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား တွင် သွားလာ နေသော အမျိုးသားတစ်ဦးလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ Mi 4C လက်ကိုင်ဖုန်း၊ နောက်အမျိုးသား တစ်ဦး၏ ကျောပိုးအိတ်အတွင်းမှပင် Nokia 6လက်ကိုင်ဖုန်းတို့အား လည်းကောင်း အသီးသီးနှိုက်ယူရောင်းချ ထားကြောင်း ပေါ်ပေါက်ခဲ့သည်။
ပေါ်ပေါက်ချက်များအရ ဇင်မင်းထက်(ခ)ဗလကြီးနှင့် ကျော်ထွန်းအောင် တို့အား ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး အမှုများမှ သက်သေခံလက်ကိုင်ဖုန်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment