Sunday, July 29, 2018

ဂျပန်နိုင်ငံအနောက်ပိုင်းသို့ ဂျောင်ဒါရီ တိုင်ဖုန်းမုန်တိုင်း ဦးတည်ရွေ့လျားလျက်ရှိ

Image may contain: sky, ocean, outdoor, water and nature
ကျိုတို ဇူလိုင် ၂၈
ဂျပန်နိုင်ငံအရှေ့ပိုင်းကမ်းလွန်လွင်ပြင်မှ အားကောင်းသော တိုင်ဖုန်းမုန်တိုင်း တစ်ခုသည် နိုင်ငံ၏ အနောက်ဘက်သို့ ဦးတည်ရွေ့လျားလျက်ရှိရာ ကန်တို ဒေသတွင် အဓိကအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိကြောင်း ယနေ့ မိုးလေဝသပညာရှင်များက ဆိုသည်။
ဇူလိုင် ၂၈ ရက် ည ၉ နာရီမှစပြီး တိုင်ဖုန်းဂျောင်ဒါရီသည် ရှီဇုအိုကာ စီရင်စုရှိ အိုမဲ့ဇာကီမြို့တော်၏ တောင်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက် ကီလို မီတာ ၆ဝ ခန့်အကွာတွင် တစ်နာရီ ၃၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်လျက် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီက ပြောကြားခဲ့သည်။
တိုင်ဖုန်းဂျောင်ဒါရီ၏ အလယ်ဗဟိုချက်တွင် တစ်နာရီ ၁၁ဝ မိုင် လေတိုက်နှုန်းရှိကြောင်း မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
အဆိုပါတိုင်ဖုန်းသည် ဂျပန်နိုင်ငံအလယ်ပိုင်းဒေသရှိ တိုကိုင်ဒေသ အပါအဝင် အီဇုကျွန်းနှင့် ဘေးပတ်ဝန်းကျင်ကျွန်းများသို့ ဗဟိုပြုလျက်ရှိကြောင်း သိရသည်။
တိုင်ဖုန်းဂျောင်ဒါရီ တိုက်ခတ်မှုကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းနှင့် ၂၉ ရက် အစောပိုင်းများတွင် တိုကိုင်ဒေသအဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းမှု များနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။
မုန်တိုင်းတိုက်ခတ်နိုင်ဖွယ်ရှိသည့် ဒေသများတွင် မြေပြိုမှုများ၊ မြစ်ရေ လျှံပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် သတိပေး ချက်များ ထုတ်ပြန်ကြေညာခဲ့သည်။
ကျိုတိုစီရင်စုရှိ အာယာဘီမြို့တွင် ပြည်သူပေါင်း ၁ဝဝဝ ကျော်ကို ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီကစပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
တိုင်ဖုန်းဂျောင်ဒါရီ ချဉ်းကပ်တိုက်ခတ်လာသည့်အတွက် ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် အချို့ဒေသရှိ ပြည်သူများ အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
တိုင်ဖုန်းဂျောင်ဒါရီ တိုက်ခတ်မှုကြောင့် တိုကျိုမြို့အပါအဝင် ချိဘာ၊ ကာနာဂါဝါနှင့် တိုချိဂီ စီရင်စုများတွင် လျှပ်စစ်ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိသည့်အတွက် အိမ်ထောင်စု ၈၃ဝဝ ကျော်ကို ဇူလိုင် ၂၉ ရက် ည ၈ နာရီကစပြီး လျှပ်စစ်ဓာတ်အားပေးမှုကို ယာယီဖြတ်တောက်ထား မည်ဖြစ်ကြောင်း တိုကျိုလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီက ပြောကြားခဲ့ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment