Sunday, June 3, 2018

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု မောင်တောဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Image may contain: 7 people, people standing, sky and outdoor
မောင်တော ဇွန် ၂
မောင်တောဒေသ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီ မိနစ် ၅ဝ တွင် အမြန်ရေယာဉ် များဖြင့် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရောက်ရှိကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့်အဖွဲ့သည် မောင်တောမြို့ လေးမိုင်ရပ်ကွက်ရှိ တန် ၅ဝဝ ဆံ့Storage Silo တည်ဆောက်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိန္ဒူ ဘာသာဝင်များထားရှိသည့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး စခန်းရှိသူများ၏ ကျန်းမာရေး၊ ပညာရေး အခြေအနေများနှင့် နေထိုင်ရေးအခြေအနေများကို တွေ့ဆုံမေးမြန်းပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ကညင်ချောင်းစီးပွားရေးဇုန် မြေသားလမ်း တည်ဆောက်နေမှုနှင့် ဟိန္ဒူဘာသာဝင်များအတွက် နေအိမ်ဆောက်လုပ်မည့်အခြေအနေများကို လှည့်လည် ကြည့်ရှုသည်။ ထို့နောက် မောင်တောမြို့ သီရိမင်္ဂလာ ခန်းမ၌ မောင်တောဒေသခံ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူ များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အားနည်း ချက်နှင့်အားသာချက်များကို ပွင့်လင်းမြင်သာစွာ အကြံပြု ဆွေးနွေးကြစေလိုပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက် ရေးသည် အဓိကအရေးကြီးပါကြောင်း၊ တရားဥပဒေ စိုးမိုးရေး၊ ဥပဒေနှင့်အညီ စီရင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးသည် အရေးကြီးပါ ကြောင်း၊ ထို့အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် မရှိမဖြစ် မလုပ်လျှင်မဖြစ်သည့် ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် ပို၍ အရေးကြီးပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ပြည်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေးဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသတွင်းရှိ လူမှုစီးပွား ဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် အပြုသဘောဆောင်သည့် အကြံပြုဆွေးနွေးမှုများကို လွတ်လပ်ပွင့်လင်းစွာဆွေးနွေးစေလိုပါကြောင်း ပြောကြား သည်။
ထို့နောက် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က မောင်တောခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြ သည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် အဖွဲ့သည် ကြိမ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိပြီး ကြိမ်ချောင်းကျေးရွာ ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် CITF စီမံကိန်း ဒါရိုက်တာ ဦးသက်နိုင်တို့က စခန်းတည်ဆောက်ထားရှိမှုအခြေအနေ များနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
သတင်းစဉ်

No comments:

Post a Comment