
ဥရုဂွေးအသင်းသည် အုပ်စု(A)၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင်ရုရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ သည့် ပွဲစဉ်တွင် သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ၁၆ သင်းအဆင့်သို့ အုပ်စုပထမနေရာဖြင့် တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
ဥရုဂွေးအသင်းနှင့် ရုရှားအသင်းတို့၏ ပွဲစဉ်တွင် ဥရုဂွေးအသင်းသည် ၄-၃-၁-၂ ပုံစံ ကိုလည်းကောင်း၊ ရုရှားအသင်းသည် ၄-၂-၃-၁ ပုံစံကိုလည်းကောင်း အသုံးပြုကာ အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်တက်လှမ်း နိုင်ရေး ပြင်ဆင်ခဲ့ကြသော်လည်း ဥရုဂွေး အသင်း၏ မဟာဗျူဟာကသာ အသာစီးရယူ နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲစဉ်တွင် ဥရုဂွေးအသင်းအတွက် သွင်းဂိုးများကို ပွဲကစားချိန် ၁ဝ မိနစ်တွင် တိုက်စစ်မှူး ဆွာရတ်ဇ်ကလည်းကောင်း၊ ပွဲကစားချိန် ၂၃ မိနစ်တွင် ရုရှားကစားသမား ချယ်ရီရှက်ဗ်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသလို ဖြစ်ခဲ့ရာမှ လည်းကောင်း၊ ပွဲကစားချိန် မိနစ် ၉ဝ တွင် တိုက်စစ်မှူး ကာဗာနီက လည်း ကောင်း ဂိုးများရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် အိမ်ရှင်ရုရှားကစား သမား ဆမိုလ်နီကော့ဗ်မှာ ပွဲကစားချိန် ၃၆ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရ သည်။
ဥရုဂွေးအသင်းသည် ယခုပွဲစဉ်ကစား အပြီးတွင် ရမှတ် ကိုးမှတ်ရရှိခဲ့ကာ အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်ကို တက် လှမ်းခွင့်ရရှိခဲ့ပြီး အိမ်ရှင်ရုရှားအသင်းမှာ ရမှတ်ခြောက်မှတ်ဖြင့် ၁၆ သင်းအဆင့်သို့ အုပ်စုဒုတိယနေရာဖြင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အုပ်စု(A)၏ အခြားသောပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဆော်ဒီအာရေဗျအသင်းနှင့် အီဂျစ် အသင်းတို့၏ ပွဲစဉ်တွင် ဆော်ဒီအာရေဗျ အသင်းက အီဂျစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်မှ ဆော်ဒီ အာရေဗျအသင်းနှင့် အီဂျစ်အသင်းတို့မှာ ဂုဏ်သိက္ခာပိုင်းအရသာ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်ပြီး ယခုပွဲစဉ်မကစားမီကပင် နောက် တစ်ဆင့်အတွက် မျှော်လင့်ချက်မဲ့ခဲ့ရသည့် အသင်းများဖြစ်သည်။
ယင်းပွဲစဉ်တွင် အီဂျစ်အသင်းသည် ပွဲကစားချိန် ၂၂ မိနစ်တွင် ရရှိခဲ့သည့် ဆာလာ၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆော်ဒီအာရေဗျအသင်းမှာ ပွဲစားချိန် ၄၅ မိနစ်နှင့် နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးဖြင့် အီဂျစ်အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် ဆော်ဒီအာရေဗျမှာ ၄၁ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီလွဲခဲ့ရသည်။
ဥရုဂွေးအသင်းသည် လက်ရှိတွင် ၁၆ သင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သော ကြောင့် အုပ်စု(B)မှ အုပ်စုအဆင့်ဒုတိယ နေရာဖြင့် နောက်တစ်ဆင့်တက်လှမ်းလာမည့် အသင်းနှင့် ကစားရမည်ဖြစ်ပြီး အိမ်ရှင်ရုရှား အသင်းသည် အုပ်စု(A)မှ အုပ်စုဒုတိယ နေရာဖြင့် နောက်တစ်ဆင့်တက်လာခဲ့ခြင်း ကြောင့် အုပ်စု(B)မှ အုပ်စု ပထမနေရာဖြင့် နောက်တစ်ဆင့်တက်လာမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်
No comments:
Post a Comment