Tuesday, May 29, 2018

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယား တာဝန်ရှိသူများ ပန်မွန်ဂျုံကျေးရွာ၌ တွေ့ဆုံ

Image may contain: 1 person, screen and indoor
ဝါရှင်တန် မေ ၂၈
အမေရိကန်နှင့်မြောက်ကိုရီးယားခေါင်း ဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင် ရွက်နေချိန်အတွင်း အမေရိကန်ကိုယ်စား လှယ်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယား အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ကိုရီးယား နှစ်နိုင်ငံနယ်နိမိတ်၌ တည်ရှိသော အပစ် အခတ်ရပ်စဲရေးကျေးရွာ ပန်မွန်ဂျုံ၌ မေ ၂၇ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက မေ ၂၈ ရက် တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးပါမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကတိကဝတ် ပြုခဲ့မှုကို ¤င်းကိုယ်တိုင် ပြန်လည်အတည်ပြု ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြ သည်။
ဇွန် ၁၂ ရက်တွင် ထိပ်သီးချင်း တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားချက်ကို သမ္မတထရန့်က မေ ၂၄ ရက်တွင် ပြန်လည်ရုပ်သိမ်း ခဲ့သော်လည်း ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိနေကြဆဲဖြစ်သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်ရှိ ပန်မွန်ဂျုံ ကျေးရွာတွင် မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟီသာနော်ရတ်က ပြောကြားသည်။
အမေရိကန်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် မိမိတို့ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်နေကြောင်း ¤င်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
အမေရိကန်နှင့် မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို မဖြစ်မနေကျင်းပနိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက မေ ၂၆ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်နှင့် ကြိုတင်ကြေညာခြင်းမပြုဘဲ တွေ့ဆုံခဲ့သည်။
အေအက်ဖ်ပီ။

No comments:

Post a Comment