Monday, April 2, 2018

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

Image may contain: 12 people, people smiling, people standing and suit

ရန်ကုန် ဧပြီ ၁
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ မကာအို အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးဟောင်း Mr. Edmund Ho Hau Wah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment