Friday, March 30, 2018

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ဧပြီ ၂၇ ရက်တွင် ကျင်းပမည်

Image may contain: 3 people
ဆိုးလ် မတ် ၂၉
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးကို ဧပြီ ၂၇ ရက်တွင် ကျင်းပရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြကြောင်း ယနေ့ သတင်းများအရ သိရသည်။
အဆိုပါထိပ်သီးအစည်းအဝေးတွင် ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက် ပပျောက် စေရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်များသည် နှစ်နိုင်ငံ နယ်နိမိတ်အကြား စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ထားသည့် ပန်မန်ဂျမ်ရွာ၏ မြောက်ကိုရီးယားနိုင်ငံဘက်အခြမ်းရှိ အဆောက်အအုံတစ်ခုတွင် တွေ့ဆုံကာ ထိပ်သီးအစည်း အဝေး ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်းနှင့် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့သည် ပန်မန်ဂျမ်ရွာ ၏ တောင်ကိုရီးယားဘက်အခြမ်းရှိ အဆောက်အအုံ တစ်ခုတွင် တွေ့ဆုံကြမည်ဖြစ်သည်ဟု ကိုယ်စားလှယ် များက ဆိုသည်။
ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးသည် ဆယ်စုနှစ်တစ်စုကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပ မည့် ထိပ်သီးအစည်းအဝေးဖြစ်သည်။
ထိပ်သီးအစည်းအဝေးကျင်းပရေးအတွက် လုံခြုံရေး နှင့် သံတမန်ရေးရာကိစ္စရပ်များ ကြိုတင်ဆွေးနွေးညှိနှိုင်းရန် နှစ်နိုင်ငံ ကိုယ်စားလှယ်များက ဧပြီ ၄ ရက်တွင် ပန်မန်ဂျမ် ရွာ၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ကိုရီးယား နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျောင် က ဦးဆောင်ခဲ့ပြီး မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ကို ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကော်မတီ အကြီးအကဲ ရီဆန်ဂွန်က ဦးဆောင်ခဲ့သည်။
နှစ်နိုင်ငံထိပ်သီးအစည်းအဝေးသည် ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက် ပပျောက် စေရေးသာမက ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စေရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေး တိုးတက်ကောင်းမွန်စေရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် အခြေခံအဆင့်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment