Sunday, February 25, 2018

ရိခေါဒါရ်တွင် ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

Image may contain: one or more people, people sitting and indoor
ရိခေါဒါရ် ဖေဖော်ဝါရီ ၂၄
ချင်းပြည်နယ် ရိခေါဒါရ်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း
ဆောင်ရွက်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်
လွယ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ လုံခြုံ
ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်း
အောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊
ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဖေဖော်ဝါရီ
၂၃ ရက် နံနက် ၈ နာရီခွဲက ရိခေါဒါရ် ပြည်ထောင်စု
ရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေး
ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က
ရိခေါဒါရ်မြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
ဆောင်ရွက်မှုများ၊ ရိခေါဒါရ်ဒေသသည် ခရီးသွား
လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်မျှော်မှန်း
ဆောင်ရွက်နေမှုနှင့် နယ်စပ်ဒေသဖြစ်သည်နှင့် အညီ
နယ်စပ်လုံခြုံရေးဆောင်ရွက်မှုများတွင် ဌာနဆိုင်ရာ
များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များနှင့်
ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လုံခြုံ
ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်
သွယ်ရေးဝန်ကြီးတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းဆောင်ရွက်မှုအပေါ် ရှင်းလင်းဆွေးနွေး
သည်။ ထို့နောက် မြို့မိမြို့ဖပြည်သူများက ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး
တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်
ရာ ဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
သည်။
အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေး
နွေးပွဲတွင် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်
သာယာရေးကော်မတီအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာ
အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖကိုယ်စားလှယ်
များ တက်ရောက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment