Thursday, February 1, 2018

စစ်တောင်းမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Image may contain: 1 person, sky, outdoor, water and nature
ပဲခူး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်
တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃ဝ ရက် ညနေ
၃ နာရီခွဲက ပဲခူးခရိုင် ရွှေကျင်မြို့နယ် ကွင်းဆိပ်
ကျေးရွာ စစ်တောင်းမြစ်ကမ်းပြိုကာကွယ်ရေး
လုပ်ငန်းတည်ဆောက်နေမှုကို ကွင်းဆင်းကြည့်ရှု
စစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်
ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးဌေးအောင်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
အဖွဲ့အား တည်ဆောက်ရေးရှင်းလင်းဆောင်၌ စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်း
လင်းတင်ပြရာ ဝန်ကြီးချုပ်က ကမ်းပြိုမှုများ
ကြောင့် ကျေးရွာများ၊ စိုက်ပျိုးမြေများ၊ လူနေ
အိမ်နှင့် သာသနိကအဆောက်အအုံများ ပျက်
စီးခြင်း၊ ပြောင်းရွှေ့ပေးရခြင်းများ ဆောင်ရွက်
ပေးရကြောင်း၊ ကမ်းပါးပြိုကျမှုများသည် ရေစီး
ကြောင်းပြောင်းလဲမှုကြောင့်ဖြစ်ပြီး သဘာဝ
ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုသည် အခြေခံကျ
သည့် အချက်တစ်ခုဖြစ်ကြောင်း၊ မြစ်ကြောင်း
ထိန်းသိမ်းခြင်းလုပ်ငန်းများသည် ရေရှည်ဆောင်
ရွက်ရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နောင်
အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် မြစ်ကြောင်း
ပြောင်းလဲမှုကိုပါ ထည့်သွင်း စဉ်းစားဆောင်ရွက်
စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆိပ်ကျေးရွာ (စစ်တောင်းမြစ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအား၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး ဘိုးပိုင်အခြေပြုကျောက်စီ မြေထိန်းနံရံ ပေ ၁၂ဝဝ နှင့် သဲအိတ်ခံကျောက်စီ
ရေကြောင်းပိတ်ရေကာ ၂၄ဝ မီတာ တည်ဆောက်
ခြင်းလုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၁၈ ခုနှစ် မတ်လကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment