Monday, February 26, 2018

တရားမဝင်ပိတောက်ခွဲသားများ သိမ်းဆည်းရမိ

Image may contain: outdoor
ယင်းမာပင် ဖေဖော်ဝါရီ ၂၅
ယင်းမာပင်ခရိုင်အတွင်း တရားမဝင် သစ်များ ရှာဖွေဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲက ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် မြို့မဘိနယ် ချင်းပုန်းကျေးရွာအနောက်ဘက်တွင် တရားမဝင်ပိတောက်ခွဲသား ၁၆ ချောင်း (၂ ဒသမ ဝ၂၈၈ တန်) တင်ဆောင်ရပ်တန့်ထားသည့် ခြောက်ဘီး အဖြူရောင်ယာဉ်တစ်စီးကို မုံရွာခရိုင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်လင်းအောင်ဦးစီးသော ခရိုင်စစ်ကြောင်းအဖွဲ့နှင့် ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော တရားမဝင်သစ်များအား ယင်းမာပင်မြို့နယ် မြို့မညောင်ကိုင်းဘိနယ်စခန်းတွင် လုံခြုံစွာသယ်ယူထိန်းသိမ်းထားရှိပြီး ယာဉ် အား ကွေ့ချောင်းဘိနယ်စခန်းတွင်ထားရှိကာ ယာဉ်နှင့်သစ် ဆက်စပ်ပတ်သက်မှု များကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment