Thursday, February 1, 2018

ထမနဲထိုးပြိုင်ပွဲကျင်းပခြင်းဖြင့် စည်းလုံးညီညွှတ်မှု၏အင်အား အကျိုးသက်ရောက်မှုကို သိရ

Image may contain: 5 people, people smiling, people standing and outdoor
တောင်ကြီး ဇန်နဝါရီ ၃၁
၂ဝ၁၈ ခုနှစ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ
ဖွင့်ပွဲကို ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီ က တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို
အစဉ်အလာမပျက် ကျင်းပရသည့် ရည်ရွယ်
ချက်မှာ ယာဂု(ခေါ်)ထမနဲဖြင့် မြတ်စွာ
ဘုရားရှင်နှင့် တပည့်သား သံဃာတော်များ
အား ဆွမ်းဆက်ကပ်လှူဒါန်း၍ ကောင်းမှု
ကုသိုလ်ပြုလုပ်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရန်၊ ထမနဲထိုး
ပြိုင်ပွဲကို ကျင်းပခြင်းဖြင့် စည်းလုံးညီညွတ်မှု ၏ အင်အားအကျိုးသက်ရောက်မှုကို သိရှိ စေရန် ပြောကြားသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကွင်း အတွင်း လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီး
များနှင့် တာဝန်ရှိသူတို့က ဧည့်ပရိသတ် များအား ထမနဲထုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment