Friday, January 26, 2018

နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန်အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြု

Image may contain: 1 person

နေပြည်တော် ဇန်နဝါရီ ၂၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၏ နိုင်ငံ့ဝန်ထမ်းရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်း၊ အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြ သည်။
အစည်းအဝေးတွင် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်း အေး၏ နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်ကို သတ္တုတွင်း နယ်မြေဟု အငြင်းပွားမှုများ ရှိနေပါသဖြင့် မြေအကျယ် အဝန်း ဧရိယာဧက အတိအကျပါရှိသော တရားဝင် အသိအမှတ်ပြု ထုတ်ပြန်ထားသည့် မြေပုံနှင့် တိကျသော ပြန်တမ်းအမိန့် ကြော်ငြာ အပါအဝင် ပိုင်ဆိုင်မှု အထောက်အထားများ ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နမ္မတူ သတ္တုတွင်းရပ်ကွက်သည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ပိုင်နက် နယ်မြေဖြစ်ပြီး နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့သော အဆောက်အအုံများ၊ စက်ရုံများ၊ စွန့်ပစ်ခဲချော်ချေးပုံ များ ယခုတိုင်အထင်အရှားရှိနေပြီး ယခင် သတ္တုတွင်း ဝန်ကြီးဌာနအနေဖြင့် မြေအကျယ်အဝန်းဧရိယာဧက အတိအကျပါရှိသော မြေပုံအထောက်အထားများ ရှိသော် လည်း ပြန်တမ်း၊ အမိန့်ကြော်ငြာစာများ မတွေ့ရှိရပါ ကြောင်း၊ နမ္မတူမြို့နယ်ရှိ ဝင်းမြင့်မိုရ် စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် နမ္မတူသတ္တု တွင်းရပ်ကွက် ဧရိယာ ၁၂၈ဝ ဒသမ ၈ ဧကနှင့် ယင်း မြေဧရိယာ အပြင်ဘက်ရှိ မြန်မာအထွဋ်အထိပ် သတ္တု လုပ်ငန်းကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသော ၅ ဧက အပါအဝင် ချော်ပုံအမှတ်(၁)၊ ဝန်ထမ်းအိမ်ရာ ခြောက်လုံး တို့၏ ဧရိယာ ၆၇ ဧကခန့်မှလွဲ၍ ကျန်မြေနေရာများတွင် လိုအပ်သော ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများကို သက်ဆိုင်ရာဌာနက ဖော်ထုတ် ချမှတ်ပါက ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရန် မရှိပါ ကြောင်း ဖြေကြားသည်။
မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ မိုးမိတ် မဘိမ်း သစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာ တန် ၂ဝဝဝ နှင့် ရွှေလီ မဘိမ်းသစ်ထုတ်လုပ်ရေးဒေသမှ ထုတ်လုပ်မည့် သစ်မာ တန် ၁ဝဝဝ အား အငှားကား တိုက်ရာတွင် ဒေသခံပြည်သူများ လုပ်ကိုင်ခွင့် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကစပြီး ပဲခူးရိုးမကြိုးဝိုင်းမှ သစ်ထုတ်လုပ်ခြင်းကို ၁ဝ နှစ် ရပ်နားထားပြီး ယင်း သစ်ထုတ်လုပ်ရေးဒေသများရှိ ပိုလျှံဌာနအင်အားများကို လိုအပ်သည့် သစ်ထုတ်ရေးဒေသများသို့ အင်အား ရွှေ့ပြောင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ကျွန်းသစ် တန် ၁၅ဝဝဝ၊ သစ်မာ တန် ၃၅ဝဝဝဝ အား ဌာနအင်အားဖြင့်သာ ထုတ်လုပ်ရန် လျာထားပါကြောင်း၊ ဌာနအင်အားဖြင့် မလုံလောက်သော လုပ်ငန်းတစ်ခုချင်း အလိုက် သစ်တန်အတွက်သာ အငှားအင်အားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာနမှထုတ်လုပ် မည့် သစ်များအား ''မူ'' အရ အဖြစ်နိုင်ဆုံး ဌာနအင်အား ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနအင်အားဖြင့် မလုံ လောက်သည့် သစ်တန်အတွက်သာ ပြင်ပမှ ငှားရမ်း အသုံးပြုသွားမည်ဖြစ်ပါကြောင်း။
သို့ရာတွင် မြန်မာ့သစ်လုပ်ငန်း၏ ၂ဝ၁၇-၂ဝ၁၈ သစ်ထုတ်ရာသီ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ စီမံကိန်း သစ်ထုတ်ရန် လျာထားချက်အပေါ် အငှားကားတိုက် ဆောင်ရွက်ရန် မရှိသော်လည်း မိုးမိတ်၊ ရွှေလီ- မဘိမ်း ဒေသများတွင် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသည့် သစ်များအား ကားတိုက်သယ်ယူရန်ရှိပါက ဒေသခံ လုပ်ငန်းရှင်များကို ဦးစားပေးငှားရမ်း သုံးစွဲမည် ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်း များအား စနစ်တကျ အားပေးကူညီ ဆောင်ရွက်သွားရန် နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည်စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာနအနေဖြင့် သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်ဖြင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ခြင်း ကို အောင်မြင်ရန် စတင်စိုက်ပျိုးသည့်နှစ်တွင် သစ်တော ပျိုးပင်များ အခမဲ့ဖြန့်ဝေခြင်း၊ သစ်တောစိုက်ပျိုးပြုစုခြင်း နည်းစနစ်များကို ကူညီပံ့ပိုးခြင်း၊ င်္ဃ့ ညငအ အဖွဲ့ဝင်များက လစဉ် ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း၊ နှစ်စဉ်ဆောင်ရွက်သည့် လုပ်ငန်းတိုးတက်မှုများကို နှစ်စဉ်သုံးသပ်တင်ပြခြင်း၊ အခါအားလျော်စွာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ အားနည်းချက်၊ အားသာချက်များ ဖော်ထုတ်ကာ ဆောင်ရွက် ရမည့်လုပ်ငန်းများ အကြံပြုခြင်း၊ သီးနှံသစ်တောရောနှော စိုက်ပျိုးသူများကို အောင်မြင်လျက်ရှိသည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိသော ဒေသခံ ပြည်သူ အစုအဖွဲ့များသို့ သွားရောက်လေ့လာစေခြင်း စသည့် နည်းလမ်းများဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခင်းများ အောင်မြင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသော တားမြစ်ချက်များ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း စသည်တို့ကို ဖောက်ဖျက် ကျူးလွန်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းများကို စိစစ်ပယ်ဖျက်လျက်ရှိပါကြောင်း ဖြေကြား သည်။
ထို့အတူ ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်း၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်နှင့် မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်း တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များဆိုင်ရာ ဥပဒေကြမ်းကို သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လွှတ်တော်သို့ တင်သွင်းပြီး ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဝင်
ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဦးအေးမင်း တင်သွင်းသည့် နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူများမှ သင့်လျော်သော ဝန်ထမ်း အရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေလေ့လာရေးခရီးများ၊ နိုင်ငံရပ်ခြား ပညာတော် သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်း တို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း အဆိုနှင့်စပ်လျဉ်း၍ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးတင်အောင်၊ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေး၊ ဂွ မဲဆန္ဒနယ်မှ ဦးမြင့်ဝေ၊ ဘီးလင်း မဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၊ သံတောင် ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်သီဟနှင့် ဗိုလ်မှူးမင်းဇာနည်ထွေး၊ ဒဂုံ မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ကော့မှူး မဲဆန္ဒနယ်မှ ဦးကျော်ဆွေဝင်း၊ မင်းဘူး မဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်နီရွှေလျန်းနှင့် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင် တို့က ထောက်ခံဆွေးနွေးကြသည်။
အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်များဖြစ်သည် သာမက ပြည်သူများပိုင်ဆိုင်သည့် အရင်းအမြစ်များအား အထိရောက်ဆုံးနှင့် ဘက်လိုက်မှုအကင်းဆုံး နည်းလမ်း ဖြင့် အသုံးပြုရန် ယုံကြည်စွာအပ်နှံခြင်း ခံရသူများဖြစ်ပြီး ဝန်ထမ်းအဖွဲ့အစည်းအတွင်းမှ အသံများကိုလည်း နိုင်ငံတော်အစိုးရမှ အလေးပြု၍ အပြန်အလှန် ထိန်းညှိ ပေးသွားရန်လည်း လိုအပ်ပါကြောင်း၊ အလုပ်နှင့် ဝန်ထမ်း အင်အားမမျှဘဲ မနိုင်ဝန်ထမ်းနေရသည့် ဌာနများတွင် လည်း ဝန်ထမ်းအင်အား တိုးမြှင့်ပေးရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများ အလုပ်ခွင်တွင် စိတ်ပါဝင်စား ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း ထောက်ခံအကြံပြု ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ကျော်သီဟက ထူးချွန်ဝန်ထမ်းများအား ချီးမြှင့်ပေးသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများကိုလည်း ခေတ် ကာလနှင့်အညီ လစာစရိတ်တိုးမြှင့်ပေးနိုင်ပါက ပိုမို ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ အဆိုတွင်ပါရှိသည့် ထူးချွန် ဝန်ထမ်းများထဲမှ သင့်လျော်သော အရေအတွက်ဆိုသည့် စကားရပ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ထင်မြင် မိပါကြောင်း၊ ဝန်ထမ်းအဖွဲ့အစည်းသည် ကျယ်ပြန့်ပြီး ဝန်ထမ်းဦးရေ ၉ သိန်း ကျော်ရှိ၍ ဝန်ဆောင်မှုကဏ္ဍများသည်လည်း အမျိုးအစားစုံလင်ပါကြောင်း၊ အရေ အတွက်အားဖြင့် ကန့်သတ်မည်ဆိုပါက ဝန်ထမ်းအချင်း ချင်း စိတ်ဝမ်းကွဲနိုင်သည့်အပြင် မလိုလားအပ်သော ဆောင်ရွက်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုရမည် ဖြစ်ပါကြောင်း၊ အရေအတွက်ကို ကန့်သတ်မည့်အစား ဝန်ကြီးဌာနအလိုက် သို့မဟုတ် ဝန်ဆောင်မှုကဏ္ဍအလိုက် တိကျသော မူဝါဒချမှတ်ပြီး ချီးမြှင့်မည်ဆိုပါက ပိုမိုသင့် လျော်မည်ဖြစ်ပါကြောင်း ထောက်ခံအကြံပြု ဆွေးနွေး သည်။
အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၄၈ တွင် ''ဝန်ထမ်းတစ်ဦး၏ လုပ်ရည်ကိုင်ရည်၊ အရည် အသွေး၊ စွမ်းဆောင်ရည်များသည် လွန်စွာထူးခြား ပြောင် မြောက်သည့် အခြေအနေတွင်ရှိခြင်း၊ အခြားဝန်ထမ်းများ ထက် ထူးကဲသာလွန်ခြင်း၊ စိတ်ချယုံကြည်စွာ တာဝန် လွှဲအပ်ဆောင်ရွက်နိုင်စွမ်းရှိခြင်း စသည့် ထူးခြားသော အခြေအနေများကြောင့် ချီးမြှင့်လိုပါက အရည်အချင်း စစ်ဆေးရေးအဖွဲ့၏ ထောက်ခံတင်ပြမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး၏ သဘောတူညီချက်ဖြင့် ရာထူးတိုးမြှင့်ပေးနိုင်သည်။ သို့ရာတွင် ရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ဖြင့်သာ ခန့်ထားရမည်၊ ပြန်တမ်းဝင် အရာရှိအဆင့်ရာထူးဖြစ်ပါက ရာထူးဝန်အဖွဲ့သို့ အဆိုပြု ညှိနှိုင်း၍ ဆောင်ရွက်ရမည်''ဟု ပြဋ္ဌာန်းထားရာ တာဝန် ထမ်းဆောင်ရာတွင် ထူးချွန်မှုနှင့် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်သော နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့အတူ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ မဟာဗျူဟာစီမံချက် (၂ဝ၁၇ - ၂ဝ၂ဝ)တွင် နိုင်ငံ့ဝန်ထမ်းအုပ်ချုပ်မှုပုံစံသစ်၊ အရည်အချင်းကို အခြေခံ ၍ စွမ်းဆောင်ရည်ရှိမှုကို ဦးစားပေးသော အလေ့အထနှင့် စနစ်များ၊ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်လာရန် ခေါင်းဆောင်မှုပေးနိုင်သည့် အရည်အသွေးများနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်း ကဏ္ဍ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု/တာဝန်ယူမှု ဟူ၍ ဦးတည်ဆောင်ရွက်ရမည့် နယ်ပယ် ၄ ခု သတ်မှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ် နှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်အတွက် နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန်စွာတာဝန်ထမ်းဆောင်သူများကို ရာထူး တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ ကြိုတင်နှစ်တိုးခံစားခွင့်ပြုခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ ပြည်ပပညာတော်သင်စေလွှတ်ခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ စေလွှတ် ခြင်း၊ အခြားနည်းဖြင့် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ၏ သဘောဆန္ဒကိုရယူပြီး အဆိုကို အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး သတ္တမနေ့ကို ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်

No comments:

Post a Comment