Monday, January 1, 2018

၂ဝ၁၈ နှစ်သစ်ကို ကြိုဆိုခဲ့သည့် ရန်ကုန်ည

Image may contain: 1 person, crowd, tree and outdoor
ရန်ကုန် ဒီဇင်ဘာ ၃၁
ခရစ်နှစ် ၂ဝ၁၇ ကို နှုတ်ဆက်၍ ၂ဝ၁၈ နှစ်သစ် ကြိုဆိုပွဲများကို ရန်ကုန်မြို့တော်အနှံ့ ကျင်းပခဲ့သလို အများပြည်သူများကလည်း ပုံစံအမျိုးမျိုးဖြင့် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။ ဟိုတယ်များ၊ ပန်းခြံများ၊ လမ်းမများ၊ မိမိတို့ နေအိမ်ခြံဝင်းအတွင်းနှင့် အိမ်ရှေ့များ၊ နှစ်သစ်ကူးကြိုဆို ဖျော်ဖြေပွဲများ စသည်ဖြင့် အမျိုးမျိုးကြိုဆိုဆင်နွှဲခဲ့ကြ သည်။
ရန်ကုန်မြို့တွင် ယခုနှစ် နှစ်သစ်ကူး အစီအစဉ်များကို ကျင်းပခဲ့ရာ Of Heinekenက ကျင်းပသည့် အဆိုတော် ကိုအောင်၊ လင်းနစ်၊Jewel၊ HI Bird Band၊ Blues Texture Band တို့ ပါဝင်ခဲ့သည့် ''ကြယ်တွေစုံတဲ့ ဒီဇင်ဘာည'' New Year Party၊ MEP(မင်းဓမ္မ)တွင် ပြုလုပ်သည့် အဆိုတော် ရင်ဂို၊ မျိုးကျော့မြိုင်၊ ဇော်ပိုင်၊ ဝေလ၊ အောင်ထက်၊ မိုးသောက်၊ ကော်နီ၊ ချောစုခင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ လဖိုင်၊ လူးလူတို့ ပါဝင်သည့် Welcome 2018 New Year Party၊ Yangon Water Boomတွင် ကျင်းပခဲ့သည့် The Boom Wave Pool Party၊ ရန်ကုန်မြို့ ကျိုက္ကဆံ ဘောလုံးကွင်းနှင့် မိုင်ဒါကွင်း၊ စသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပသည့် New Year Countdown 2018 ပွဲများ၊ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်ကြီးများ၊ ဘားများတွင် ကျင်းပခဲ့သည့် နှစ်သစ်ကူးကြိုဆို ပွဲများကို စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
နှစ်သစ်ကို ကြိုဆိုသောအားဖြင့် The One Entertainment တွင် ကျင်းပသည့် Myanmar Premium New Year Countdown နှင့် မိုင်ဒါကွင်းတွင် ကျင်းပခဲ့သည့်Iron Crossတေးဂီတအဖွဲ့၏ နှစ်သစ် ကြိုဆိုပွဲ၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့ သီးလေးသီး အငြိမ့်အဖွဲ့ ဖျော်ဖြေမှုများတွင် အထူးစည်ကား ခဲ့ကြောင်း သိရသည်။
သတင်း-ဇာဏီ
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment