Thursday, December 28, 2017

ပဲခူးမြို့နယ်တွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ယာဉ်အား သိမ်းဆည်းရမိ

Image may contain: outdoor
ပဲခူး ဒီဇင်ဘာ ၂၇
ပဲခူးမြို့နယ် ဘုရားကြီးမြို့အရှေ့ ဘက်ရှိ ရွှေသံလွင်တိုးဂိတ်အနီး၌ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီ ခန့်တွင် တရားမဝင်သစ်များ သယ်ဆောင်မောင်းနှင်လာကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင် ဒုစရိုက် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ် ကျော်သူ ဦးဆောင်သည့် မှုခင်းနှိမ်နင်း ရေး တပ်ဖွဲ့ဝင်များ၊ ဘုရားကြီးမြို့ နယ်မြေခံရဲစခန်းမှ ဒုရဲအုပ် အေးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဘုရားကြီးမြို့ သစ်တောဘိနယ် တာဝန်ခံတောအုပ် ဦးဖေဇော်လင်း နှင့်အဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့ သည် ကျောက်ကြီးမြို့မှ ဝေါမြို့သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် (လိုင်စင်စိစစ်ဆဲ)အား ရပ်တန့် ရှာဖွေရာ ပဲခူးမြို့နယ် ဘုရားကြီးမြို့ ပဒေသာရပ်ကွက် သမန်းကုန်းလမ်းနေ ယာဉ်မောင်း ဇော်ထက်အောင်(ခ)အရှည်ကြီး (၃၅)နှစ်က တရားမဝင် ပိတောက်သစ် စကွဲယား ဆိုဒ်စုံ ၅၅ တုံး(၈ ဒသမ ၈၁၁၆ တန်)အား တင်ဆောင်လာကြောင်း သိရှိရ၍ ဘုရားကြီး နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)

No comments:

Post a Comment