Sunday, December 31, 2017

အသက်(၇ဝ)အထက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများ သက်ကြီးပူဇော်

Image may contain: 3 people, people sitting
ရန်ကုန် ဒီဇင်ဘာ ၃ဝ
အသက်(၇ဝ)အထက် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများအား သက်ကြီးပူဇော်ပွဲ ကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ယင်းသက်ကြီးပူဇော်ပွဲကို မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့က ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး သက်ကြီးဘောလုံးသမားဟောင်းကြီးအများစု တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်က သက်ကြီးပူဇော်ပွဲကျင်းပရသည့်အကြောင်းအား ရှင်းလင်းပြောကြားပြီး ကန်တော့ခံပုဂ္ဂိုလ်ကြီးများနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ ကန်တော့ခံ လက်ရွေးစင်ဘောလုံးသမားဟောင်းကြီးများအား ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်များကိုယ်စား ဦးစိုးမြင့်က ဆုံးမသြဝါဒစကားပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက သက်ကြီးပူဇော်ပွဲ ကျင်းပပေးသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုယ်စား ကျေးဇူးတင်စကား ပြောကြား သည်။ ယင်းနောက် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင် (ဂိုး)က ကျေးဇူးတင်စကားပြောကြားပြီး သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူ များအား မေတ္တာလက်ဆောင်ပေးအပ်သည်။
သတင်း-ဖိုးသော်ဇင်၊ ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment