Tuesday, December 26, 2017

ကျေးရွာချင်းဆက်လမ်းမှ ရေပြွန်တံတား ပြုပြင်ပေးစေလို




Image may contain: one or more people, outdoor and nature
ထင်သာမြင်သာ ပြုပြင်စရာ



စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မြစ်သေးခြင်းကျေးရွာ၊ နားတိုင်းဖန်းကျေးရွာနှင့် တုံးမွန်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကျေးရွာ ချင်းဆက်လမ်းပေါ်မှ ကွန်ကရစ်ရြေ>ွပန်တံတားသည် ကျေးရွာအုပ်စုများမှ ဗန်းမောက် မြို့နယ်နှင့် ဝန်းသိုမြို့နယ်သို့ သွားလာရန်အတွက် အားထားရသောလမ်း ဖြစ်သည်။
ကျေးရွာချင်းဆက်လမ်းဖြစ်သလို မြို့နယ်ချင်းဆက်လမ်းလည်းဖြစ်၍ သစ်တင် ယာဉ်ကြီးများ၊ ဆီတင်ယာဉ်ကြီးများ ဝန်နှင့်တံတားမမျှအောင် တင်ဆောင်သွားလာ နေသဖြင့် တံတားပျက်စီးခြင်းဖြစ်သည်။ ထို့ကြောင့် တံတားကို ရှောင်တိမ်းပြီး သွားလာနေရ၍ ခရီးမတွင်ဘဲ ခရီးထောက်လျက်ရှိသည်။
''အခု တံတားမကောင်းတော့ အများပြည်သူတွေပဲ ဒုက္ခဖြစ်ကြရတယ်၊ တံတားပေါ်ကို ဝန်ပိုတင်ထားတဲ့ သစ်ကားကြီးတွေနဲ့ ဆီတင်ကားကြီးတွေ မောင်းတော့ တံတားပျက်ပြီပေါ့၊ သွားလို့ရအောင် ကွင်းလမ်းဘက်ကနေ သွားတော့လည်း အဆင်မပြေပါဘူး''ဟု လမ်းအသုံးပြုသူ ဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ဗန်းမောက်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများဆောင်ရွက်ရန် သွားလာနေရသည့် အဆိုပါ လမ်းတံတားကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက မျှော်လင့်လျက်ရှိကြောင်း သိရ သည်။
ကျော်စွာ (ဗန်းမောက်)

No comments:

Post a Comment