Tuesday, December 26, 2017

ပီရူးနိုင်ငံ၏ အာဏာရှင်ဟောင်း ဖူဂျီမိုရိအား ပြစ်ဒဏ်ကျခံနေရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

Image may contain: 7 people, outdoor
လီမာ ဒီဇင်ဘာ ၂၅
ပီရူးသမ္မတ ပီဒရိုပါဘလို ကူဇင်စကီးသည် ယင်းနိုင်ငံ၏ အာဏာရှင်ဟောင်း အယ်လ် ဘာတိုဖူဂျီမိုရိအား ပြစ်ဒဏ်ကျခံနေရခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ကျခံနေရသူ ဖူဂျီမိုရိအား ကျခံရမည့် ထောင်ဒဏ်သက်တမ်းမပြည့်မီ ပြန်လည်လွှတ် ပေးမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဒီဇင်ဘာ ၂၅ ရက်တွင် သတင်း ထုတ်ပြန်သည်။
ဖူဂျီမိုရိအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ၏ဆုံးဖြတ်ချက်ကို မကျေနပ်သူများက မြို့တော်လီမာရှိ မြို့လယ်တစ်နေရာတွင် ကန့် ကွက်ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က ဆန့်ကျင် ဆန္ဒပြသူလူအများအပြားကို မျက်ရည်ယို ဗုံးသုံး၍ လူစုခွဲခဲ့ရသည်။ ဖူဂျီမိုရိ၏ ၁၉၉ဝ-၂ဝဝဝ ပြည့်နှစ် လက်ယာယိမ်းအစိုးရအဖွဲ့အုပ်ချုပ်စဉ်ကာလအတွင်း လက်ဝဲသူပုန် ပုန် ကန်ထကြွမှုနှိမ်နင်းရေးလှုပ်ရှားမှု အစီအစဉ် အရ သေဆုံးခဲ့ကြရသူများ၏ ရုပ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
သမ္မတ ကူဇင်စကီး၏ ဝန်ကြီးအဖွဲ့မှ ဝန်ကြီးနှစ်ဦးထက်မနည်း ရာထူးမှနုတ်ထွက်ရန် ကမ်းလှမ်းခဲ့ကြကြောင်း၊ အစောဆုံးယခုရက် သတ္တပတ်အတွင်းမှာပင် ဝန်ကြီးအဖွဲ့ နေရာ အပြောင်းအလဲများကို သမ္မတကပြုလုပ်ဖွယ် ရှိကြောင်း အစိုးရသတင်းရပ်ကွက်က ပြော ကြားသည်။
သမ္မတကူဇင်စကီးနှင့် ပါလီမန်ရှိ ဖူဂျီမိုရိ အား ထောက်ခံသူများအကြား ညှိနှိုင်းရရှိသော အလွတ်သဘောနိုင်ငံရေး သဘောတူညီချက် တစ်ရပ်အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ဖူဂျီမိုရိ၏ အတိုက်အခံများက ရှုတ်ချ ပြောဆိုကြသည်။
အသက်(၇၉)နှစ်ရှိ သမ္မတ ကူဇင်စကီး သည် ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခဲ့စဉ်က ဖူဂျီမိုရိအား လွတ်ငြိမ်းချမ်းသာခွင့်မပြုပါဟု သန္နိဋ္ဌာန် ပြုပြောဆိုခဲ့သူဖြစ်သည်။
ဖူဂျီမိုရိသည် ကုသ၍ပျောက်ကင်းနိုင်ခြင်း မရှိသော ရောဂါဘယကို တိုး၍ ခံစားလာ နေရသူဖြစ်သဖြင့် ကျန်းမာရေးရှုထောင့်အရ ¤င်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် မိမိ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ် ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြ ထားသည်။
ရိုက်တာ

No comments:

Post a Comment