Friday, December 29, 2017

ရွှေဆံပင်ပညာဒါနစာသင်ဝိုင်းမှ ကျောင်းသား ကျောင်းသူ များ အလောင်းတော်ကဿပသို့ ခြေလျင်တောင်တက်ခရီးထွက်

Image may contain: 1 person, standing, child, outdoor, nature and water

ပုလဲ ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုထိုးသာကျေးရွာရှိ ရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လဦးစီးဖွင့်ထားသော ရွှေဆံပင်ပညာဒါန စာသင်ဝိုင်းမှ ကျောင်းသား ကျောင်းသူ ၁၅ဝခန့်သည် ဒီဇင်ဘာကျောင်းပိတ် ရက်အတွင်း အာဆီယံအမွေအနှစ်အလောင်းတော်ကဿပဘေးမဲ့အမျိုးသား ဥယျာဉ်နှင့်အလောင်းတော်ကဿပစံကျောင်းတော်သို့ ခြေလျင်တောင်တက် ခရီးထွက်ကြကြောင်း သိရသည်။
''ကျောင်းသား ကျောင်းသူတွေက ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီမှာ ကျောင်းကစထွက်တာဖြစ်ပြီး ခြေလျင် ၁၅ မိုင်တက်တာ ညနေ ၅ နာရီမှာ ဘုရားကိုရောက်ပါတယ်၊ ကလေးတွေကအလောင်းတော်ကဿပတောထဲ တစ်နေကုန်လည်ပတ်ကြပြီးနောက် တစ်ညအိပ်ပြီးမှပြန်လာကြမှာပါ၊ ကလေး တွေအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဗဟုသုတ စိတ်ဓာတ်ခွန်အားတွေ စည်းလုံးညီညွတ်မှုတန်ဖိုးတွေ သဘာဝပတ်ဝန်းကျင်တန်ဖိုးတွေရကြတာ မြင်ရ လို့ကျေနပ်မိပါတယ်''ဟု ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။
ရွှေဆံပင်ပညာဒါနစာသင်ဝိုင်းမှ အလောင်းတော်ကဿပစံကျောင်းတော် အထိ ၃၆ မိုင်ကွာဝေးပြီး ခရီးမိုင် ၂ဝ အထိ ကျောင်းသား ကျောင်းသူများကို ကားဖြင့် ပို့ဆောင်ပေးကာ ကျန်သည့် ၁၆ မိုင် အသွားအပြန် ၃၂ မိုင်ကို တောင်ပေါ်ခရီးခြေကျင်သွားရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။
ကျောင်းသားကျောင်းသူများအနေဖြင့် ကာယစိတ္တကျန်းမာကြံ့ခိုင်ပြီး စည်းလုံးညီညွတ်ကာ အချင်းချင်းကူညီရိုင်းပင်းသည့်စိတ်စာပေကရရှိသည့် အသိနှင့်သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည် ရွယ်၍ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်းသိရသည်။
မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment