Tuesday, December 26, 2017

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြန်မာ-တရုတ် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Image may contain: one or more people, people sitting, table and indoor
ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူဘေးပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
အခမ်အနားတွင် ဟူဘေးပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီမှ ဒါရိုက်တာMs.Yan Puliu ဦးဆောင် သည့် ဟူဘေးခရီးသွားလုပ်ငန်း ကုမ္ပဏီများ ပါဝင်သောအဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်နှင့် ညီနောင်အသင်းများ၊ လေကြောင်းလိုင်းများ၊ ခရီးသွား လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးကြသည်။ ထို့နောက် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးနှင့် ဟူဘေး ပြည်နယ် ခရီးသွားလုပ်ငန်းကော်မတီမှ ဒါရိုက်တာ Ms. Yan Puliu တို့ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံ၏သာယာလှပမှုကို တရုတ် ပြည်နယ်အများစုတွင် သွားရောက် ပြသပြီးဖြစ်သည်။ ယခုအခမ်းအနား တွင် ဟူဘေးပြည်နယ်၏သာယာလှပ မှုကို ဗီဒီယိုဖြင့်ပြသရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များက စိတ်ဝင် စားကြသည်။ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးကပြောကြားရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းမှာ နှစ်စဉ်ရှစ်ရာခိုင်နှုန်းရှိကြောင်း၊ သန်းထောင်ကျော်ရှိသည့်လူဦးရေ၏ ၃ဝ ရာခိုင်နှုန်းမှာ လူလတ်တန်းစား ဖြစ်ပြီး ငွေကြေးသုံးစွဲနိုင်မှုရှိကြောင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာခြင်း ကြောင့် ခရီးသွားအပန်းဖြေခြင်းလည်း ပိုမိုမြင့်တက်လာလေ့ရှိကြောင်း၊ တရုတ်ပြည်မကြီး၏ ကုန်းတွင်းပိတ် ဒေသပြည်နယ်အများစုသည် ပင်လယ် ကမ်းခြေဒေသတွင် အပန်းဖြေခရီး သွားလာလေ့ရှိကြောင်း ပြောကြား သည်။
ထို့ပြင် ဟူဘေးပြည်နယ်ရှိ အထူး စိတ်ဝင်စားဖွယ်ကောင်းသည့် ခရီးစဉ် ဒေသများသို့ မြန်မာနိုင်ငံမှပြည်ပခရီး သွားများ သိရှိစေရန်အတွက် လေ့လာ ရေးခရီးများ စေလွှတ်ရန်ရှိပြီး မြန်မာ နိုင်ငံ၏ယဉ်ကျေးမှု၊ သဘာဝရှုခင်း ခရီးစဉ်ဒေသများနှင့် ကမ်းခြေဒေသ များကို လည်ပတ်နိုင်ရေးအတွက် လေ့လာရေးခရီးများကို ဖိတ်ကြား မည်ဖြစ်ကြောင်း ပြောကြားသည်။ နှစ်နိုင်ငံအတွင်းခရီးသွားမြှင့်တင်ရေး ပွဲများ၊ Road Show များကို မကြာမီကာလအတွင်း အပြန်အလှန် ကျင်းပရန်ရှိပြီး စင်းလုံးငှားလေယာဉ် ခရီးစဉ်များကိုလည်း စီစဉ်သွားရန် ရှိသည်။ E Visaသာမက ဆိုက်ရောက် ဗီဇာရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အောင်သူရ

No comments:

Post a Comment