Thursday, September 21, 2017

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများတွေ့ဆုံ

Image may contain: one or more people and indoor


နေပြည်တော် စက်တင်ဘာ ၂ဝ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း နေပြည်တော်သတင်းစာတိုက် ဝန်ထမ်းများ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန နေပြည်တော်ပုံနှိပ်စက်ရုံ ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ခရေပင်လမ်းခွဲရှိ ကြေးမုံ သတင်းစာတိုက် ဘိုးဝဇီရခန်းမ၌ လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီတွင် တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Auditorium ခန်းမ၌ လည်းကောင်း ကျင်းပသည်။
ဘိုးဝဇီရခန်းမ၌ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဝန်ထမ်း များအနေဖြင့် မိမိတို့သတင်းစာကို သိက္ခာ သမာဓိနှင့်ပြည့်စုံပြီး စာနယ်ဇင်းကျင့်ဝတ် နှင့်အညီ မှန်ကန်မျှတသည့် သတင်းစာ များအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေ ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ရန်၊ ပြည်သူ့အသံ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အသံ၊ နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များကို ထည့်သွင်းဖော်ပြ ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွား ရန်၊ နေ့စဉ်ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်သဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ ဖိအား များကိုလည်း ကြုံတွေ့နိုင်ပြီး နေ့စဉ်ထုတ် သတင်းစာများဖြစ်ခြင်းကြောင့် အချိန်နှင့် တစ်ပြေးညီ စုပေါင်းဆောင်ရွက်နေကြရ သည်ဖြစ်ရာ မတော်တဆ အမှားအယွင်း များ ကြုံတွေ့ရတတ်သည့်အတွက် အမှား အယွင်းကင်းစင်စေရေး အားလုံးဝိုင်းဝန်း အဖြေရှာကာ ပူးပေါင်းဆောင်ရွက်သွား ကြရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် စာအုပ်ထုတ်ဝေရေးနှင့် ပုံနှိပ် ရေးလုပ်ငန်းများတွင် အဆင့်အတန်း ပြည့်မီသည့် ထုတ်လုပ်မှုများ၊ ပုံနှိပ်မှုများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်၊ ပြင်ပမှ လုပ်ငန်းများနှင့် ရင်ပေါင်တန်း၍ ထုတ်လုပ်မှု အဆင့် အတန်းကို မြှင့်တင်နိုင်ရေး ဆောင်ရွက် သွားရန် မှာကြားပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးလုပ်ငန်းအောက်ရှိ စာပေဗိမာန်သည် ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများကို ဆက်တိုက်ပြုလုပ် လျက်ရှိပါကြောင်း၊ မကြာမီ ပုံနှိပ်လုပ် ငန်းရှင်များအသင်းနှင့် ပူးပေါင်းကာ ဆွေးနွေးပွဲများ ကျင်းပသွားရန် ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်း လိုအပ်ချက်များကို တင်ပြကြပြီး သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးနှင့် ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မျိုးမြင့်တို့က ဝန်ထမ်း များ၏ တင်ပြချက်များနှင့် ပြန်လည် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Auditorium ခန်းမ၌ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်၏ တစ်ခု တည်းသော ရုပ်သံမီဒီယာအနေဖြင့် ရပ်တည်ခဲ့ရာမှ လွန်ခဲ့သည့် ၁ဝ နှစ် ဝန်းကျင်ကစတင်ပြီး ပုဂ္ဂလိကမီဒီယာနှစ်ခု ကို စတင်လမ်းဖွင့်ပေးခဲ့ပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အနေဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲ နိုင်ရေး သေချာစဉ်းစားလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာနည်းပညာ များကို ကြည့်ရှုလေ့လာပြီး ပြောင်းလဲ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ မီဒီယာတစ်ခုအနေဖြင့် ခိုင်မာစွာတည်ရှိစေလိုပါကြောင်း၊ ပြည်သူ့ ဗဟိုပြု မီဒီယာအဖြစ် ရပ်တည်မလား၊ အစိုးရမီဒီယာအနေဖြင့် ရပ်တည်သွား မလား၊ နည်းလမ်းနှစ်ခုလုံးဖြင့် ရပ်တည် သွားမလားဆိုသည်ကို ဆွေးနွေးနေကြဆဲ ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံမှုသည် လတ်တလောလုပ်ကိုင်ဆောင်ရွက်မှုများ နှင့်ပတ်သက်ပြီး ပိုမိုအဆင်ပြေကောင်းမွန် စေရန် ရည်ရွယ်တွေ့ဆုံခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်း များက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်း ချက်များကို တင်ပြဆွေးနွေးကြရာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ထွေးက ဆွေးနွေးမှုများအပေါ် လတ်တလော ဆောင်ရွက်သွားမည့် အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ (သတင်းစဉ်)

No comments:

Post a Comment