Saturday, September 23, 2017

ပြစ်မှုဆိုင်ရာမှုခင်းများတွင် ဆင်းရဲနွမ်းပါးသည့် စွပ်စွဲခံရသူများအတွက် ဥပဒေအထောက်အကူများ ပံ့ပိုးပေးနိုင်ရေးဆွေးနွေး




 နေပြည်တော် စက်တင်ဘာ ၂၂


 

 ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်International Bridges to Justice (IBJ) မှ Country Director, Mr. Jim Taylor နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တရားမျှတမှုကဏ္ဍတိုးတက်ကောင်းမွန်ရေး၊ ပြစ်မှုဆိုင်ရာမှုခင်းများတွင် ဆင်းရဲနွမ်းပါးသည့် စွပ်စွဲခံရသူများ အတွက် ဥပဒေအထောက်အကူများပံ့ပိုးပေးနိုင်ရေး၊ ပြည်သူ များအား ဥပဒေအသိပညာဖြန့်ဖြူးရေး၊IBJ၏ တရားမျှတမှု စင်တာများတွင် ဖွင့်လှစ်သောသင်တန်းများသို့ တရားစီရင် ရေးနှင့် စပ်လျဉ်းသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာရှိများ ပါဝင်တက်ရောက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများနှင့် တရားမျှတမှုစင်တာများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုရှေ့နေချုပ်အား ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့အကြား လက်မှတ်ရေးထိုးထား သည့် နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် ၂ဝ၁၈ ခုနှစ်တွင် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနများမှ ကနဦးရေးဆွဲ လာသော ဥပဒေကြမ်းများအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ အကြံပြုဆောင်ရွက်နေမှုများ၊ ဥပဒေစိစစ်ရေးလုပ်ငန်း တွင် ဆောင်ရွက်နေကြသည့် ဥပဒေအရာရှိများအတွက် အရည်အချင်းမြှင့်သင်တန်းများ ဆက်လက် ပို့ချပေးနိုင်ရေးကိစ္စ များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment