Thursday, August 3, 2017

အခွန်ရှောင်ကိစ္စနှင့် ပတ်သက်တဲ့ ကြားနာစစ်ဆေးမှုအပြီးနောက်တစ်ရက်တွင် စီရိုနယ်လ်ဒို အငြင်းပွားဖွယ် ဓာတ်ပုံတင်ခဲ့

Image may contain: 1 person
အခွန်လိမ်လည်တယ်ဆိုတဲ့ စွဲချက်တွေကြောင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ တရားရုံးကို သြဂုတ် ၁ ရက်မှာ လာရောက်ရင်ဆိုင်ခဲ့ရပြီး နောက်တစ်ရက်အကြာ အလင်းတန်းများကြား သူရပ်နေတဲ့ဓာတ်ပုံနဲ့တကွ '' တောက်ပမှုပေးတဲ့ အလင်းတန်းတွေကို ပိုးမွှားတွေက တိုက်ခိုက် နေကြတယ်''ဟူသော စာသားကိုပါရေးသားပြီး သူရဲ့အင်စတာဂရမ်စာမျက်နှာထက် တင်ခဲ့ တာဖြစ်ပါတယ်။ စီရိုနယ်လ်ဒိုရဲ့ ယခုပုံအနေအထားက သူ့ကိုယ်သူ ဘုရားသခင်နှင့်ပင် ခိုင်းနှိုင်းနေတယ်ဟူသော စွဲချက်များကို ထွက်လာစေခဲ့သလို ''အကောင်းဆုံးတွေ လုပ်ဆောင်ဖို့ အတွက် ဖြစ်တည်လာသည်''ဟူသော သူရဲ့ ပြောစကားကလည်း နဂိုများဖြစ်တည်ပြီးသား ဝေဖန်မှုများအပေါ် ခိုင်မာအားကောင်းလာစေခဲ့ပါတယ်။
တရားရုံး တံခါးပိတ်ကြားနာ စစ်ဆေးမှုများအပြီး စီရိုနယ်လ်ဒိုရဲ့ အံမဝင်ခွင်မကျ ပြောစကားကို မီဒီယာများက တခမ်းတနားဖော်ပြနေကြချိန်တွင် စီရိုနယ်လ်ဒိုရဲ့ ယခု ဓာတ်ပုံ နှင့် စာသားပူးတွဲတင်မှုက ဝေဖန်မှုများကိုပိုမို ပွက်လောရိုက်လာစေခဲ့တာပါ။ တရားသူကြီး ဂိုမက်စ်ဖာရာက '' ဒီလောက်အမည်မသိတဲ့ သူတွေအများကြီး ဘာလို့လာထိုင်နေရတာလဲ။ ခင်ဗျားဘယ်ရောက်နေသလဲ''လို့ တုံ့ပြန်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
စီရိုနယ်လ်ဒိုမှာ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ကြား ကာလအတွင်း ပုံရိပ်လွှာအသုံးပြုခများမှ ပေါင် ၁၃ ဒသမ ၁ သန်းကို လိမ်လည်ခဲ့သည်ဟူသော စွဲချက်ကြောင့် မက်ဒရစ်မြို့စွန် အာကွန်အရပ်တွင်တည်ရှိတဲ့ တရားရုံးတွင် လာရောက်စစ်ဆေးခံရခြင်းဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ် စီရိုနယ်လ်ဒိုက သူ့အနေနဲ့ အမှားအယွင်းတစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ မီဒီယာသမားများစွာက စီရိုနယ်လ်ဒိုရဲ့ ယခုကြားနာမှုကို သတင်းရယူဖို့ တရားရုံးပြင်ပက လာရောက်စောင့်ဆိုင်းနေ ကြတာကိုလည်း တွေ့ရပါတယ်။ စီရိုနယ်လ်ဒိုက ပြီးခဲ့တဲ့ရာသီကပင် သူ့ရဲ့အားထုတ်မှုများကို အသိအမှတ်မပြုဘဲမောက်မာတယ်။ တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်တဲ့ ရီးယဲလ်ပရိသတ်များကိုလည်း စိတ်ပျက်မိကြောင်း တုံ့ပြန်ထားသူပါ။
မေလဲ့သင်း

No comments:

Post a Comment