Thursday, August 31, 2017

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး

Image may contain: 9 people, people smiling

နေပြည်တော် သြဂုတ် ၃ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိပြီး တာဝန်ရှိသူများအား တွေ့ဆုံမှာကြားကာ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာရရှိသည့် လူနာများအား ဆေးဝါးကုသနေမှုကို ကြည့်ရှု အားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်း အဝေးခန်းမ၌ စစ်တွေပြည်သူ့ဆေးရုံ၊ ပြည်နယ်ကုသရေး ဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လူနာများ၏ ကျန်းမာရေးအသိပညာ ကို မြှင့်တင်ပေးရေးသည် အရေးကြီးပါကြောင်း၊ စစ်တွေဆေးရုံ၏ လတ်တလောဆရာဝန်အင်အားမှာ လူနာအရေအတွက်နှင့် စာလျှင် အလွန်နည်းနေသည်ကို တွေ့ရှိရသဖြင့် အမြန်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပြင်ပလူနာဌာနတွင် လူနာများပြားနေခြင်းသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ တွင် အားနည်းနေသည်ဟု ယူဆ၍ရပါကြောင်း၊ ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါက ဆေးရုံသို့ လာရောက်သော လူနာလျော့နည်းသွားမည်ဖြစ်ပြီး ဆေးရုံ၏အလုပ်ပမာဏ(workload) လျော့ကျသွားမည် ဖြစ်ပါကြောင်း၊ ရောဂါရှာဖွေရေးလုပ်ငန်းအတွက် လိုအပ်ချက် များကိုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လက်ရှိ ဘူးသီး တောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေး ရေးနှင့် အသိအမှတ်ပြုဂုဏ်ပြုရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တင်ပြမှုများအပေါ် လိုအပ်ချက်များကို တာဝန် ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment