Thursday, August 31, 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာတိမ်းရှောင်နေရ

Image may contain: sky, cloud, outdoor and nature


နေပြည်တော် သြဂုတ် ၃ဝ
ARSA အစွန်းရောက်အကြမ်းဖက်သမားများက မိုင်းထောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေမှု ကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြိုတိုင်းရင်းသားများမှာ နီးစပ်ရာလုံခြုံရေးကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာ တာဝန်ရှိသူများက တွေ့ဆုံအားပေးပြီး ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးလျက်ရှိသည်။
မောင်တောမြို့နယ် ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာကို သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ဗျွှဗ အစွန်းရောက်အကြမ်းဖက်သမား ၄ဝဝ ကျော်ခန့်က မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်းတိုက်ခိုက်ရာ မြိုတိုင်းရင်းသား အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ခုနစ်ဦး သေဆုံး၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း သုံးဦး ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယု တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း။
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြိုတိုင်းရင်းသား များနေထိုင်သော လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၇၅ ဦးတို့သည် ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ ပြောင်းရွှေ့ ရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တည်းခိုနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် သြဂုတ် ၃ဝ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များကို မီးရှို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ပြီး မီးလောင်မှုကြောင့် နေအိမ် ၂၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း။
မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်ရှိ ခရိုင်အုပ်ချုပ် ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအပြင်ဘက်၌ ယနေ့ ညနေ ၃ နာရီက မသင်္ကာဖွယ် သွားလာလှုပ်ရှားမှုကို တွေ့ရှိခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ် အကြမ်းဖက်သမားတစ်ဦးက မီးကွင်းပစ်ရန် ဓာတ်ဆီ ဆွတ်ထားသည့် အဝတ်စထုပ်ကို ဝါးတုတ်ဖြင့် တွဲချည်ထားသော လောင်စာတစ်ခုနှင့်ြ<ွကပ်ြ<ွကပ်အိတ်တစ်လုံးအတွင်းမှ ဓာတ်ဆီ ဆွတ်ထားသည့် အဝတ်စထုပ်ကို ပစ်ချပြီးထွက်ပြေးသွားကြောင်း။
အဆိုပါ နေရာအနီးတစ်ဝိုက်ရှိ နေအိမ်တစ်လုံး၏ အောက်ထပ်တွင် အကျယ် ရှစ်ပေ၊ အနံ လေးပေ၊ အနက် သုံးပေ ခန့်ရှိ ကတုတ်ကျင်း နှစ်ကျင်း၊ ရှော့တိုက်မိုင်းဆွဲရန်အတွက် မြေကြီးအောက်၌ မြှုပ်နှံထားသော အရှည် ပေ ၂ဝဝ ခန့်ရှိ ဝိုင်ယာကြိုး တစ်ချောင်း၊ ပစ်ခတ်ရန် ကြိုတင်စီမံထားသည့် လက်လုပ်ပုလင်းမိုင်း သုံးလုံးတို့ကို တွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများက နယ်မြေ (၈) အလယ်သံကျော်ကျေးရွာအုပ်စု အထက်ကမ်းပိုင်ကြီး ကျေးရွာ (ဘင်္ဂါလီရွာ)နှင့် လောင်းဒုံစခန်းရှေ့ စေတီပြင်ရွာ (ဘင်္ဂါလီ) ရွာတို့ကို မီးရှို့ထွက်ပြေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်သည့်ပုံစံကဲ့သို့ အထင်အမြင်မှားစေရန် လုပ်ဆောင်ခဲ့ ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းနေရာအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိရာ ထိုသို့ နေအိမ်များ မီးလောင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများက မီးငြှိမ်းသတ်ရန် လာရောက်ချိန်တွင် မိုင်းများကွဲပြီး ထိခိုက်သေကျေ ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အတွင်း ARSAအစွန်းရောက်အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြိုတိုင်းရင်းသားများသည် နီးစပ်ရာ လုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိရာ ယနေ့တွင် MI 17 ရဟတ်ယာဉ်များဖြင့် ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ် ကျေးရွာများသို့ ရိက္ခာများ ပို့ဆောင်ပေးခဲ့ပြီး သြဂုတ် ၃၁ ရက် တွင် အခြားနေရာများသို့ ဆက်လက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံတွင် ရောက်ရှိနေကြသည့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသော ဒိုင်းနက်လူမျိုး ၆၉ ဦးကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သြဂုတ် ၂၈ ရက် နံနက်ပိုင်းက တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်အိတ် ၂ဝ၊ အဝတ်အထည် လေးထုပ်၊ ခြင်ထောင် ၂၂ လုံး ၊ ပုဆိုး၊ ထဘီ၊ ပန်းကန်နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း။
သြဂုတ် ၂၅ ရက်မှ ၂၉ ရက်အထိ ARSAအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း တစ်ဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူလူမျိုး ခုနစ်ဦး၊ ဒိုင်းနက်လူမျိုး ငါးဦး သေဆုံးခဲ့ကာ တပ်မတော်သား တစ်ဦးနှင့် လက်နက်ငယ် တစ်လက် ပျောက်ဆုံးလျက်ရှိ၍ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦး၊ နေ့စားဝန်ထမ်း နှစ်ဦး၊ မြိုလူမျိုး တစ်ဦးနှင့် ဒိုင်းနက်လူမျိုး နှစ်ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ငါးလက်၊ ၁၂ ဗို့ သေနတ် နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ-၆၃ သေနတ် တစ်လက်၊ အမ်အေ-၁၁ တစ်လက် စုစုပေါင်း လက်နက်ငယ် ၁ဝ လက်၊ ၇.၆၂ ကျည်တောင့် ၁၄ဝဝ၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် တစ်ခု၊ အီနာဂါဗုံးသီး ခြောက်လုံး၊ ပလတ်စတစ်ဗုံးသီး ငါးလုံး၊ ဆက်သွယ်ရေးစက် တစ်လုံးနှင့် ကျည်အိမ် တစ်ခုတို့ ဆုံးရှုံးခဲ့ ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ် နှစ်စီး မီးရှို့ခံရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးများနှင့် မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ငါးစီး ပျက်စီးခဲ့ ကြောင်း။
အကြမ်းဖက်တိုက်ခိုက်မှုတွင် ARSAအစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ် လေးလက်၊ တူမီး သေနတ် နှစ်လက်၊ ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၇၇ တောင့်၊ လှံ ၆၄ ချောင်း၊ ဓား ၂၇ ချောင်း၊ လက်လုပ်မိုင်း ခုနစ်လုံး၊ ဝိုင်ယာကြိုး ခြောက်ထုပ်၊ ဝိုင်ယာကြိုး သုံးခွေ၊ စိတ်ြ<ွကရူးသွပ်ဆေးပြား ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ခုနစ်အိတ်၊ ဆန် နှစ်အိတ်နှင့် လက်ကိုင်စကားပြောစက် တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ၏ ယနေ့ည ၈ နာရီခွဲ ထုတ်ပြန်ချက်အရ သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment