မော်စကို မေ ၃၁
ရုရှားနိုင်ငံသိမ်းပိုက်ထားသော ဂျပန်ဘိုးဘွားပိုင်ကျွန်းလေး ကျွန်းပေါ်တွင် နှစ်နိုင်ငံ အကျိုးတူစီးပွားရေး လုပ်ငန်း များလုပ်ဆောင်ရန် သဘောတူညီထားသည့် ကဏ္ဍများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းလေ့လာမှုများ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက သဘောတူညီ ခဲ့ကြကြောင်း သိရသည်။
အဆိုပါပူးတွဲကွင်းဆင်းလေ့လာမှုကို ဇွန်လ နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှု အခြေအနေကို မြှင့်တင်မည် ဖြစ်သည်။
မေ ၃၁ ရက်တွင် ဂျပန်နှင့် ရုရှားတာဝန်ရှိသူများက ရုရှားနိုင်ငံ ယူဇာနို-ဆာခါလင်းစ်မြို့ရှိ ဆာခါလင်းစ်စီရင်စု၏ RUSSIA FAR EASTERN Hall တွင် တွေ့ဆုံကာ အထက်ပါ ကိစ္စရပ်များနှင့်ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြသည်။
ဂျပန်အဖွဲ့ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အထူး အကြံပေးပုဂ္ဂိုလ် အီချီ ဟာဆီဂါဝါက ဦးဆောင်ခဲ့ပြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ရုရှားအဖွဲ့ကို ဆာခါလင်းစ်စီရင်စု အုပ်ချုပ်ရေးမှူး အိုလက်ဂ်ျ ကိုဇီယာ ကို အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ အကျိုးကျေးဇူးဖြစ်ထွန်းစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့်သည်ဟု အစည်းအဝေးတက်ရောက်သူများက ပြောကြားခဲ့သည်။
နှစ်နိုင်ငံလုပ်ဆောင်မည့် ရှေ့ပြေးကွင်းဆင်းလေ့လာ မှုတွင် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နှစ်နိုင်ငံစိတ်ဝင် စားသော အခြားကဏ္ဍများပါဝင်သည်။
ယခုကဲ့သို့ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက် ရန် ကွင်းဆင်းလုပ်ဆောင်ခြင်းများ ဆောင်ရွက်မှုသည် ရုရှားနိုင်ငံ၏ အပြုသဘောဆောင်သော လိုက်လျော ပေးမှုဖြစ်ပါကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ အထူး အကြံပေးပုဂ္ဂိုလ် အီချီ ဟာဆီဂါ ဝါက မီဒီယာသို့ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက ကျွန်းလေးကျွန်းကို ထိန်းချုပ်ထားသည်။ ဂျပန်နိုင်ငံက ယင်းကျွန်းလေးကျွန်းသည် ဘိုးဘွား ပိုင်ဆိုင်မှုများဖြစ်သည်ဟု အခိုင်အမာဆိုသည်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ရုရှားနိုင်ငံက အဆိုပါကျွန်းများကို တရားမဝင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment