Wednesday, May 31, 2017

တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး

Image may contain: 3 people, people smiling

ပြုံယမ်း မေ ၃ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းသည် တိကျသေချာသော လမ်းòန်မှု စနစ်ဖြင့် တိုက်ချင်းပစ် ဒုံးကျည်သစ်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက်တွင် မဟာ ဗျူဟာမြောက်ပြီး စွမ်းအားကြီးမားသည့်လက်နက်များကို ပိုမိုထုတ်လုပ်ရန် အမိန့် ပေးအပ်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်း အေဂျင်စီက အင်္ဂါနေ့ သတင်းတွင် ဖော်ပြခဲ့သည်။
တနင်္လာနေ့က စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်သည် ယခင်ထုတ်လုပ်ခဲ့သည့် ဗားရှင်းဖြစ်သည့် ဟွာဆောင်းဒုံးကျည်နှင့်နှိုင်းယှဉ်လျှင် နည်းပညာအဆင့်မြှင့်တင် ထားပြီး လူအစားစက်ကို အစားထိုးသုံးကာ ကြိုတင်ပစ်ခတ်နိုင်သည့် အစီအစဉ် တပ်ဆင်ထားကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားသည်။
မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်လိုက်သည့် တာလတ်ပစ်ဒုံးကျည်သည် မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းပေါ်တွင် ကျရောက်ခဲ့ပြီး ယင်းပစ်ခတ်မှု သည် နိုင်ငံတကာက ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများ ပိုမိုကျရောက်လာမည့် ခြိမ်းခြောက်မှုများကို စိန်ခေါ်လိုက်သည့် မြန်နှုန်းမြင့် ဒုံးကျည်စမ်းသပ်မှုဖြစ်သည်ဟုဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင်က မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်၏ ရန်မှကာကွယ်သွားနိုင်ရန်အတွက် စွမ်းအားကြီးမားသည့် လက်နက်အမြောက်အမြား ကို အချိန်နှင့်တစ်ပြေးညီ ကြိမ်ဖန်များစွာ ပိုမိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်က ပြုလုပ်လျက်ရှိသည့် စစ်ရေး လေ့ကျင့်မှုမှန်သမျှကို စစ်ပွဲအတွက်ဟန်ပြင်နေမှုအဖြစ် မှတ်ယူလျက်ရှိသည်။
(ရိုက်တာ)

No comments:

Post a Comment