Wednesday, May 31, 2017

ကိုယ်ပိုင်ဘိုးရင်းလေယာဉ်ကို လေကြောင်းပြတိုက်သို့ဂျွန်ထရာဗော်တာ လှူဒါန်းမည်

Image may contain: 1 person
အေးပြည့်
ဟောလိဝုဒ်ရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားကြီး ဂျွန်ထရာဗော်တာက သူပိုင်ဆိုင်တဲ့ ကိုယ်ပိုင်လေယာဉ်တွေ အနက် ၇ဝ၇ လေယာဉ်တစ်စင်းကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်မှာရှိတဲ့ လေကြောင်းပြတိုက်သို့ လှူဒါန်းသွားမှာဖြစ်ကြောင်း နယူးစ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ယင်းလေယာဉ်ကို သြစတြေးလျနိုင်ငံရဲ့မြို့တော် စစ်ဒနီရဲ့ တောင်ဘက် ၁၄၅ ကီလိုမီတာအကွာမှာရှိတဲ့ အယ်လ်ဘီယန်ပန်းခြံဆီသို့ မပျံသန်းမီ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဂျွန်ထရာဗော်ဒါရဲ့ နေအိမ်မှာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် သမိုင်းဆိုင်ရာ လေယာဉ်ပြန်လည်ထူထောင်ရေး အဖွဲ့အစည်းသို့ ပေးအပ်သွားမှာဖြစ်ပြီး ဒီလိုလှူဒါန်းသွားမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ မေ ၂၈ ရက်မှာ ဂျွန်ထရာဗော်တာက တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျွန်ထရာဗော်တာပိုင်တဲ့ ဘိုးရင်းလေယာဉ် သြစတြေးလျကို ရောက်ရှိမယ့်ရက်အတိအကျကိုတော့ လတ်တလော အချိန်အထိ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနဲ့ ဒီလိုလေယာဉ်ကို ပျံသန်းသယ်ဆောင်ရာမှာလည်း ဂျွန်ထရာဗော်တာက အဖွဲ့ဝင်တစ်ဦးအဖြစ် ကိုယ်တိုင်ပါဝင်လိုတဲ့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ လတ်တလော မှာတော့ ယင်းလေယာဉ်ဟာ သြစတြေးလျကို ပျံသန်းနိုင်ဖို့အတွက် ပြင်ဆင်မှုတွေလိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
လေယာဉ်မောင်းရတာကို အလွန်ဝါသနာပါတဲ့အတွက် ဂျွန်ထရာဗော်တာရဲ့ နယူးယော့ခ်နေအိမ်ဟာ တကယ့်ကို အသုံးပြုနေတဲ့ လေယာဉ်ကွင်းတစ်ခုသဖွယ်ပြင်ဆင်ထားပြီး ပြေးလမ်းနှစ်ခုလည်း ပါဝင်နေကြောင်း သိရပါတယ်။

No comments:

Post a Comment