Wednesday, May 31, 2017

နှစ်နိုင်ငံလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး




နေပြည်တော်  မေ  ၃ဝ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   ဦးဝင်းမြင့်သည်   မြန်မာနိုင်ငံဆိုင်ရာ တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu နှင့်   အဖွဲ့အား ယနေ့ မွန်းလွဲ ၂  နာရီခွဲတွင် နေပြည်တော်ရှိ  လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌  လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်  နှစ်နိုင်ငံ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှု   အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ်များနှင့်ပတ်သက်၍  ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့   ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော် ရုံးမှတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment