Thursday, April 27, 2017

မိုးသက်လေပြင်းတိုက်ခတ်၍ မင်းပြား၌ မူလတန်းကျောင်းခေါင်မိုးလန်

Image may contain: tree, house, sky, outdoor and nature
မင်းပြား ဧပြီ ၂၆
ရခိုင်ပြည်နယ်၌ တိုက်ခတ်ခဲ့သော မာရသာမုန်တိုင်း အရှိန်ကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများရှိရာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့သည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် မင်းပြားမြို့နယ် သံရှင်ကျေးရွာအုပ်စု နားဒင်းရွာဟောင်း ကျေးရွာရှိ အမှတ် (၁၂၄) အခြေခံပညာမူလတန်းကျောင်း အလျားပေ ၆ဝ၊ အနံပေ ၃ဝ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ကျောင်းခေါင်မိုးမှာ သွပ်အချပ် ၇ဝ အမိုးလန်သွား ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်းနှင့် ဌာန ဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် သတင်းရလျှင် ရချင်း ယင်းကျေးရွာသို့သွားရောက်ပြီး လိုအပ်သည်များကို မှာကြားကာ သွပ်များလှူဒါန်းခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်သည် မိုးများစွာရွာသွန်းပြီး သဘာဝဘေး အန္တရာယ်ကြုံတွေ့နေရသည့် ပြည်နယ်တစ်ခုလည်း ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment