Wednesday, April 26, 2017

ရန်ကုန်ဘူတာကြီးတွင် ရှောင်တခင်စစ်ဆေးရာမှ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိ

Image may contain: 1 person
ရန်ကုန် ဧပြီ ၂၅
အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) အထူးကင်းအဖွဲ့က ရန်ကုန်ဘူတာကြီးတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်နှင့် ရေးမြို့တို့မှ သယ်ဆောင် လာသည့် အကောက်ခွန်မဲ့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်) အထူးကင်းအဖွဲ့က ရန်ကုန်ဘူတာကြီး တွင် ရှောင်တခင်စစ်ဆေးခဲ့ရာ မော်လမြိုင်နှင့် ရေးမြို့တို့မှ ဧပြီ ၂၄ ရက်က ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် အမှတ်(၃၆)နှင့် အမှတ်(၁၇၆) အစုန် ရထားတို့တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၆၃ ဒသမ ၅၁၅ သန်းအား ဖမ်းဆီးခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၊ မြန်မာနိုင်ငံ အောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မြဝတီ-ရန်ကုန် လမ်းပိုင်း တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို မတ် ၁ ရက်မှ စတင် ဖွင့်လှစ်ကာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တရားမဝင်ကုန်စည်များကို တားဆီးအရေးယူလျက်ရှိရာ ဧပြီ ၂၄ ရက်က ရေပူစစ်ဆေးရေးစခန်းတွင် တရားမဝင်ကုန်သွယ်မှု တားဆီးမှုလေးမှု ခန့်မှန်းတန်ဖိုးကျပ် ၁၇ သန်းခန့်၊ မရမ်းချောင် စစ်ဆေးရေးစခန်းတွင် တားဆီးမှုလေးမှု ခန့်မှန်းတန်ဖိုးကျပ် ၉ ဒသမ ၉၂၄ သန်းခန့်ကို ဖမ်းဆီးခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပူးပေါင်းအဖွဲ့များဖြင့် အဆိုပါ ဂိတ် စခန်းများတွင် တရားမဝင် ကုန်သွယ်မှုများကို တားဆီးစစ်ဆေးလျက်ရှိသည့်အပြင် ရန်ကုန်ဆိပ်ကမ်း၊ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံနှင့် အကောက်ခွန်ဂိတ် စခန်းအသီးသီးတို့တွင် စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(ဝဝ၁)

No comments:

Post a Comment