Sunday, April 30, 2017

ပရီမီယာလိဂ်ဖလားလုရမည့် ချယ်လ်ဆီးနှင့် စပါးအသင်း လက်ကျန်နောက်ဆုံးသုံးပွဲ တစ်ချိန်တည်းကစားသင့်ဟုဆို

Image may contain: 2 people, people playing sports and outdoor
ပရီမီယာလိဂ်ဆုဖလားကို ဆွတ်ခူးရန်အတွက် ယခု နှစ်တွင် အပြိုင်ဖြစ်နေသည့် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့သည် ယခုနှစ်ဘောလုံးရာသီ၏ လက်ကျန် ပွဲစဉ်များပွဲအနက် နောက်ဆုံးသုံးပွဲကို တစ်ချိန်တည်းကစား သင့်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြကွန်တီက ထုတ် ဖော်ပြောကြားလိုက်သည်။
ပရီမီယာလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၁)နေရာ၌ ရပ်တည်လျက်ရှိသည့် ချယ်လ်ဆီးအသင်းသည် မေ ၃ဝ ရက်တွင် အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပြီး အဆိုပါပွဲစဉ်အနိုင်ရရှိပါက စပါးအသင်းကို ခုနစ်မှတ်ဖြတ်ထားနိုင်မည်ဖြစ်သည်။ စပါးအသင်းမှာမူ လာမည့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် အဲဗာတန် အသင်း ကစားပြီးမှသာ အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
သို့ရာတွင် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီကမူ ချယ်လ်ဆီးအသင်းနှင့် စပါးအသင်းတို့၏ နောက်ဆုံးသုံးပွဲကို တစ်ချိန်တည်း တစ်ပြိုင်တည်းယှဉ်ပြိုင်ကစားသင့်ကြောင်း ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းနှင့် စပါးအသင်း တို့သည် လက်ကျန်ပွဲစဉ်များအနက် မေ ၂၁ ရက်တွင် ကစား မည့် ပွဲစဉ်တစ်ပွဲသာ တစ်ချိန်တည်းကစားရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် ဆန်းဒါးလန်းအသင်းနှင့်လည်းကောင်း၊ စပါးအသင်းသည် ဟားစီးတီး အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်း၏ နောက်ဆုံးငါးပွဲမှာ အဲဗာတန်၊ မစ်ဒယ်ဘရော့၊ ဝက်စ်ဘရွန်း၊ ဝက်ဖို့ဒ်၊ ဆန်းဒါးလန်း အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး စပါးအသင်းမှာမူ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ မန်ယူ၊ လက်စတာ၊ ဟားစီးတီး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment