Sunday, April 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျာမနီတပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု



Image may contain: 5 people, people standing
နေပြည်တော် ဧပြီ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျာမနီနိုင်ငံ Federal Foreign Office ၏ State Secretary ဖြစ်သူ Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျာမနီနှင့် မြန်မာတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်တည်ဆောက် နိုင်ရန်ဖြစ်ပြီး တပ်မတော်နှစ်ရပ်ဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူဖြစ်စေရန် ဖြစ်ပါကြောင်းပြောကြားကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုအခြေအနေများနှင့် ငြိမ်းချမ်းရေးတည်ဆောက် မှုအခြေအနေများ၊ နယ်စပ်ဒေသအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ဂျာမနီနိုင်ငံ၏ State Secretary ဖြစ်သူ Dr.Markus EDERER က နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လိုအပ်သည့် နယ်ပယ်များတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များရှိပါကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဘာလင်မြို့ Tegel လေဆိပ်တပ်မတော်လေယာဉ်ကွင်းမှ ရဟတ်ယာဉ်ဖြင့်ထွက်ခွာရာ Letzlingen ကျေးရွာရှိ ဂျာမနီတပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း(Army Combat Training Center)သို့ ရောက်ရှိပြီး အဆင့်မြင့် နည်းပညာသုံး လေ့ကျင့်မှုနည်းစနစ်များ၊ Simulator အသုံးပြုလေ့ကျင့်မှုစနစ်များ၊ မြို့ပြပုံစံတည်ဆောက် လေ့ကျင့်ရေးကွင်းများသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။
ညပိုင်းတွင် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေအိမ်၌ သံရုံး၊ စစ်သံရုံး မိသားစုများနှင့်တွေ့ဆုံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က လက်ဆောင်ပစ္စည်းများ၊ အစားအသောက်၊ အဝတ်အထည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment