Thursday, April 27, 2017

ကားဒက်ရှ်ဘုတ်နှင့် ဆီတိုင်ကီအတွင်း သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိ

Image may contain: food
ရန်ကုန် ဧပြီ ၂၆
မန္တလေးမြို့မှ မူဆယ်မြို့သို့ သွားရောက်မည့် Caldina Van ယာဉ်ပေါ်တွင် ကားဒက်ရှ်ဘုတ် နှင့် ဆီတိုင်ကီအတွင်း သိုဝှက်သယ်ဆောင်လာ သော ကျောက်စိမ်းဟု ယူဆရသည့် ကျောက်များ ဧပြီ ၂၄ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းက သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါယာဉ်အား စစ်ဆေးရာတွင် ကျောက်စိမ်းဟုယူဆရသည့် ကျောက်များ ၂၁၄ ကီလိုဂရမ်ခန့်နှင့် သယ် ဆောင်သည့်ယာဉ်အပါအဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၂၂ ဒသမ ၇ သန်းအား သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
တရားမဝင် ကုန်စည်များ တားဆီးထိန်း ချုပ်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၊ မြန်မာနိုင်ငံ အောက်ပိုင်း ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော မြဝတီ-ရန်ကုန်လမ်းပိုင်းတွင် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို မတ် ၁ ရက်မှ စတင်ဖွင့်လှစ်ကာ ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် တရားမဝင်ကုန်စည်များကို တားဆီး အရေးယူလျက်ရှိရာ ဧပြီ ၂၅ ရက်က ရေပူစစ် ဆေးရေးစခန်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီးမှု ၆ မှု (ခန့်မှန်းတန်ဖိုးကျပ် ၃၁ ဒသမ ၉ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းတွင် တားဆီးမှုသုံးမှု (ခန့်မှန်းတန်ဖိုးကျပ် ၇ ဒသမ ၈၈၇ သန်းခန့်)ကို ဖမ်းဆီးခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment