Sunday, January 1, 2017

လူသုံးကုန်ပစ္စည်းနှင့် အလှကုန်ပစ္စည်းထုတ်လုပ်မှု သင်တန်းဖွင့်



Image may contain: 3 people, people sitting and child
တပ်ကုန်း ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပညာပေး သင်တန်းမျိုးစုံဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကံလှကျေးရွာအုပ်စု ဂတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာ၂၆ ရက် နံနက်ပိုင်းက လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနှင့် အလှကုန်ပစ္စည်းထုတ်လုပ် မှုသင်တန်း(၇/၂ဝ၁၆)ကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၂ဝ တက်ရောက်လျက်ရှိပြီး စာတွေ့၊ လက်တွေ့ဖြင့် ခုနစ်ရက်ကြာ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် ဆပ်ပြာရည်ပြုလုပ်ခြင်း၊ ဆပ်ပြာခရင်(မ်)ပြုလုပ်ခြင်း၊ ဆပ်ပြာချက် လုပ်ခြင်း၊ ဆပ်ပြာခဲပြုလုပ်ခြင်း၊ ခေါင်းလျှော်ရည်ပြုလုပ်ခြင်း၊ သွားတိုက်ဆေးပြုလုပ်ခြင်း၊ ခံတွင်းသန့်ဆေးရည်ပြုလုပ်ခြင်း၊ ကျောက်ပြား၊ ကြွေပြားသန့်စင်ဆေးရည်ပြုလုပ်ခြင်း၊ နေလောင်ခံ အဆီပြန်သက်သာသည့် သနပ်ခါး၊ သနပ်ခါးမိတ်ကပ်ရည်နှင့် ခေါင်းလိမ်းဆီ စသည်တို့ သင်ကြားလျက်ရှိသည်။
''ဒီအတတ်ပညာသင်တန်းက သင်တန်းသားများအတွက် ဗဟုသုတများစွာ ရရှိပါတယ်။ အရင်ကဆို ကျွန်မတို့ ကျေးလက်နေများမှာ ကောက်စိုက်၊ ပေါင်းနုတ်ဖြစ်တဲ့ တောင်သူအလုပ် လောက်ပဲ သိကြပါတယ်။ အခုဆို လူသုံးကုန်ပစ္စည်းနှင့် အလှကုန်ပစ္စည်းများကို ထုတ်လုပ်နည်း တွေသိတဲ့အပြင် စီးပွားဖြစ်အခွင့်အလမ်းများရရှိပါတယ်'' ဟု ဂတ်ကုန်းကျေးရွာမှ သင်တန်းသူ မအေးချမ်းမေက ပြောပြသည်။
(တင်စိုးလွင်)

No comments:

Post a Comment