Wednesday, January 4, 2017

မောင်တောမြို့နယ်အတွင်း မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်လျက်ရှိ



Image may contain: one or more people, sky and outdoor
မောင်တော ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဘောလုံးကွင်းအနီး ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် အားကစားကွင်းဧရိယာအတွင်း မိုးလုံလေလုံအားကစား ခန်းမ တည်ဆောက်လျက်ရှိသည်။
အဆိုပါ အားကစားခန်းမအဆောက်အအုံကို ပြည်နယ်အစိုးအရ ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၂၉ ဒသမ ၂ သန်းဖြင့် အကျယ် ၆ ဒသမ ၅ ဧကကျယ်ဝန်းသော မြေဧရိယာပေါ်တွင် အလျား ပေ ၁၂ဝ၊ အနံပေ ၉ဝ နှင့် အမြင့် ၃၆ ပေရှိ အားကစားခန်းမတည်ဆောက်ပြီးစီးပါက ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒိုနှင့် ပင်ပေါင်ရိုက်အားကစား ပြိုင်ပွဲများကျင်းပနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဘောလုံးကွင်းပွဲကြည့်စင် ကိုလည်း အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း မောင်တော မြို့နယ်အား/ကာမှူး ဦးဇော်မင်းထွေးက ပြောသည်။
''ဒီလို မိုးလုံလေလုံအားကစားခန်းမဆိုတာ မြို့နယ်တိုင်းမှာလိုအပ်တဲ့ အားကစားအထောက်အကူပြုပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒါတွေရှိခြင်းအား ဖြင့် အားကစားသမားတွေ နွေ၊ မိုး၊ ဆောင်းအစဉ်အဆက်မပြတ် ကစားနိုင်တဲ့ အတွက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ ထွက်ပေါ်လာဖို့ တစ်ထောင့်တစ်နေရာက အကျိုးပြုနိုင်မယ်လို့ ထင်ပါတယ်။
အားကစားကို လိုက်စားခြင်းဖြင့် လူငယ်တွေအချင်းချင်း ပေါင်းသင်းဆက်ဆံရေးတိုးတက် လာပြီး လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှုလည်း အထိုက်အလျောက် လျော့ကျလာနိုင်မယ်၊ နောက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာဖို့ကိုလည်း အထောက်အကူ ဖြစ်လာနိုင်ပါတယ်'' ဟု ၄င်းအမြင်ကိုပြောပြသည်။
အဆိုပါ မိုးလုံလေလုံအားကစားခန်းမကို ရွှေကျွန်းသန္တာ ဆောက်လုပ် ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့ကာ ယခုနှစ် မတ်လကုန်တွင် မောင်တော မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အပြီးတည်ဆောက်အပ်နှံ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇင်ဦး၊ ကိုမင်း၊ ဓာတ်ပုံ - သီဟစည်သ

No comments:

Post a Comment