Friday, January 27, 2017

''ဘယ်ရည်းစားကိုအချစ်ဆုံးလဲ'' အချစ်ဟာသဇာတ်ကား ယခုတစ်ပတ် ရုံတင်မည်

Image may contain: 3 people, people standing and outdoor
မိမိကိုယ်တိုင် ဖြစ်ပျက်ခဲ့သည်များရော ပတ်ဝန်းကျင်အခြေအနေအကြောင်း အမျိုးမျိုးကြောင့်ပါ ယောက်ျား မုန်းတီးရေးဝါဒရှိနေခဲ့သူ မေသူဇာ။ ညီမဖြစ်သူများကို ယောက်ျားများနှင့် ဝေးဝေးရှောင်ရန် အတန်တန်တားထားသည့်ကြားမှ တစ်ဦးနှင့် တစ်ဦး အလွန်ချစ်ကြသည့် ပညာတန်၊ လူကုံတန် သူဌေးသားနှစ်ဦးနှင့် ကြုံတွေ့ရသော မော်ဒယ်လ် မိုးကြည်ပြာ။ ခေတ်ပညာတတ် လူငယ်များဖြစ်ပြီး မိဘများနှင့် နိုင်ငံ ရပ်ခြားတွင် အခြေမချလို၍ မြန်မာ ပြည်တွင်နေခဲ့ကာ အပျော်တမ်း မော်ဒယ်လုပ်ကိုင်နေကြသူ စည်သူ နှင့် ဇွဲ။ သူတို့တွေကြားထဲက သာမန် တင်ပြနေကျမဟုတ်သည့် အချစ် ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။
သာမန်ထက်ပိုသည့် ဆက်ဆံရေး မျိုးရှိနေပြီး ချစ်သူထက်ပင် တစ်ယောက်အကြောင်း တစ်ယောက် ပိုသိနေကြသည့် စည်သူ၊ ဇွဲနှင့် မော်ဒယ်လ်မိုးကြည်ပြာတို့ကြားက သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးဖြစ်ပေမယ့် တင်ပြနေကျဇာတ်လမ်းများနဲ့ ဇာတ်အိမ်ကွဲလွဲပြီး ဟာသလေးတွေပါ ရောနှောထားတာဖြစ်ပါတယ်။
''ဘယ်ရည်းစားကို အချစ်ဆုံးလဲ''ဟု အမည်ပေးထားတဲ့ မြန်မာရုပ်ရှင် ဇာတ်ကားကို မဟော်ဂနီရုပ်ရှင် ထုတ်လုပ်ရေးမှ ဂျမန်းစီစဉ်ထုတ်လုပ် ထားတာဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွှန်း မိုးနီလွင်၊ ဒါရိုက်တာဝင်းလွင်ထက်က ခြယ်မှုန်းထားခြင်းဖြစ်ပါတယ်။ သရုပ် ဆောင်များအဖြစ် အလင်းရောင်၊ ဟန်လင်းသန့်၊ အားဝေ၊ နန့်ချစ်နဒီ ဇော်၊ မေမြင့်မိုရ်၊ ကောင်းထွန်းနှင့် သရုပ်ဆောင်များစွာက ပါဝင် အားဖြည့်ပေးထားပါတယ်။
ဒီဇာတ်ကားကို လာမယ့် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ ရန်ကုန်မြို့တွင် သမ္မတ၊ သွင်၊ မင်္ဂလာ(သိမ်ကြီးဈေး)၊ မင်္ဂလာစံပြ(ဘုန်းကြီးလမ်း)၊ တော့ ရွိုင်ရယ်(ပါရမီ)၊ ဂမုန်းပွင့်(စံရိပ်ငြိမ်)၊ JCGV Maw Tin ၊ JCGV (Square))ရုပ်ရှင်ရုံ၊ မန္တလေးမြို့တွင် ဝင်းလိုက်၊ မြို့မ၊ JCGV ရုပ်ရှင်ရုံ၊ နေပြည်တော်တွင် JCGV၊ အောင်သပြေ၊ ဇေယျာသီရိရုပ်ရှင်ရုံ၊ ပြည်မြို့တွင် မင်္ဂလာထွန်းသီရိရုပ်ရှင်ရုံ၊ ပုသိမ်မြို့တွင် ရွှေပြည်တော်ရုပ်ရှင်ရုံ၊ ထားဝယ်မြို့တွင် အောင်မင်္ဂလာ ရုပ်ရှင်ရုံ၊ မြဝတီမြို့တွင် သွန်းရွှေစင် ရုပ်ရှင်ရုံ၊ဘားအံမြို့တွင် တက်နေဝင်း၊ ဦးဆောက်ပန်းရုပ်ရှင်ရုံ၊ မော်လမြိုင် မြို့တွင် JCGV ရုပ်ရှင်ရုံ၊ လားရှိုးမြို့ တွင် သီတာအေး၊ သိန်းထိုက်၊ အောင် သီရိရုပ်ရှင်ရုံ၊ ပြင်ဦးလွင်မြို့တွင် ချယ်ရီလွင်၊ Movie Planet ရုပ်ရှင်ရုံ၊ တောင်ကြီးမြို့တွင် မြသုခရုပ်ရှင်ရုံ၊ ဗန်းမော်မြို့တွင် စတားရုပ်ရှင်ရုံ၊ ရေနံချောင်းမြို့တွင် ရတနာရုပ်ရှင် ရုံ၊ ပခုက္ကူမြို့တွင် သီဟရုပ်ရှင်ရုံ၊ တောင်ငူမြို့တွင် New 3D Cinema ရုပ်ရှင်ရုံ၊ ပဲခူးမြို့တွင် Icon (Mingalar Cinema) ရုပ်ရှင်ရုံနှင့် မြိတ်မြို့တွင် မင်္ဂလာရုပ်ရှင်ရုံတို့တွင် တစ်ပြိုင်တည်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြသနေဆဲမြန်မာ ဇာတ်ကားတွေဖြစ်တဲ့ မင်းသား ပြေတီဦးနဲ့ ထိုင်းအလှမယ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ တီတီနှင့်ဒိုးနတ်၊ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရဲ့ ''ချန်ပီယံလေး''ဇာတ်ကား၊ ဒါရိုက်တာ ခင်စောမျိုး(အဖေ့ပညာ)ရဲ့ ''ငဘ''ဇာတ်ကားတို့ကို ဆက်လက်ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။
နိုင်ငံခြားဇာတ်ကားတွေအနေနဲ့ Raees ဘောလိဝုဒ်မှုခင်းအက်ရှင် ဇာတ်ကားသစ်၊ ဓားစံအိမ်တော်ကြီး၊ ဓားသိုင်းသမားများအကြောင်းနှင့် ဓားသိုင်းစွမ်းရည်တို့ကို ခံစားနိုင်ကြမည့် Sword Master အက်ရှင် ဇာတ်ကားသစ်နဲ့ ဟောလိဝုဒ် မင်းသားချော မက်ဒမ်မွန်ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်နှင့် ဟောလိဝုဒ် ရုပ်ရှင်ပညာရှင်များ ပူးပေါင်းဖန်တီး ထားတဲ့ The Great Wall ဇာတ်ကား သစ်တို့ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါကြောင်း ကြေးမုံရုပ်ရှင်အညွှန်းကဏ္ဍမှ သတင်းကောင်းပါးလိုက်ရပါတယ်။
ဖြိုးစန္ဒာမြင့်

No comments:

Post a Comment