Saturday, October 1, 2016

လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေး၊ ဝန်ထမ်းများစွမ်းရည်မြှင့်တင်ရေးတို့ဆွေးနွေး

Image may contain: 3 people

နေပြည်တော် စက်တင်ဘာ ၃ဝ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် UNDP မှ Country Director Mr.Peter Batchelor အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေး၊ ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment