Wednesday, September 28, 2016

မြန်မာ - အီတလီ တပ်မတော် အပြန်အလှန် အတွေ့အကြုံ ဖလှယ်ခြင်း အဆင့်အလိုက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်ဆံမှုပိုမိုတိုးမြှင့်ရေးဆွေးနွေး



 
 
နေပြည်တော် စက်တင်ဘာ ၂၇

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အီတလီတပ်မတော် စစ်ဦးစီးအရာရှိ ချုပ်ရုံး၊ နိုင်ငံတကာဆက်ဆံရေး ဌာနမှ ရေတပ်ဗိုလ်ချုပ်Roberto Ciammaichella အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် သင်တန်းများ၊ စစ်ရေး နှင့် မသက်ဆိုင်သည့် သင်တန်းများသို့ သင်တန်းသားစေလွှတ်ရေး၊ နှစ်နိုင်ငံ တပ်မတော် အပြန်အလှန်အတွေ့အကြုံ ဖလှယ်ခြင်း၊ အဆင့်အလိုက် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဆက်ဆံမှုပိုမိုတိုးမြှင့် ရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment