Friday, July 29, 2016

တူရကီနိုင်ငံတွင် အာဏာသိမ်းပိုက်ရန်ကြိုးပမ်းမှုပြီးနောက် သံအမတ်ကြီးနှစ်ဦးအပါအဝင် ဝန်ထမ်း ဦးကို ရာထူးမှထုတ်ပယ်

The Mirror Daily's photo.
အန်ကာရာ ဇူလိုင် ၂၈
တူရကီနိုင်ငံအတွင်း အာဏာသိမ်းပိုက်ရန်ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပွားပြီးနောက် တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာနမှ သံအမတ်ကြီးနှစ်ဦးအပါအဝင် ဝန်ထမ်း ၈၈ ဦးကို ရာထူးမှဖယ်ရှားပစ်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗက် ကာဗူဆိုဂလူက ယနေ့ပြောကြားသည်။
ယင်းသို့ရာထူးမှဖယ်ရှားခြင်းသည် ဖီသူလာဟစ် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်နွှယ်နေသည့် အဆက် အသွယ်များကို ဖြတ်ချပစ်ခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ရေးသားဖော်ပြကြသည်။
အာဏာသိမ်းပိုက်ရန်ကြိုးပမ်းသူ ၁ဝဝ ကျော်အပါ အဝင် လူပေါင်း ၂၉ဝ ဦးထက်မနည်း သေဆုံးခဲ့သည့် အာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှုကို ဘာသာရေးခေါင်းဆောင် ဖီသူလာဂူလန်က ကြိုးကိုင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများကဆိုသည်။
အာဏာသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး နှစ်ဦးက စစ်ဦးစီးအရာရှိ ရာထူးမှနုတ်ထွက်ရန် ယနေ့ အဆိုပြု ခဲ့သည်။ ရေတပ်ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်ကြီး ၁၄၉ ဦး အပါအဝင် စစ်ဘက်အဖွဲ့ဝင် ၁၆၈၄ ဦးခန့်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ဒေသန္တရမီဒီယာများအရ သိရ သည်။ အဆိုပါနုတ်ထွက်သွားသည့် စစ်ဘက်အဖွဲ့ဝင်များ သည် မွတ်စလင်ဘာသာရေး ခေါင်းဆောင် ဖီသူလာဂူလန် ကို သစ္စာခံသူများဖြစ်ကြောင်း အာဏာပိုင်များကဆိုသည်။
ယခုအချိန်ထိ တပ်ဖွဲ့ဝင် ၁ဝဝ၁၂ ဦးခန့်ကို ထိန်းသိမ်း ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
တူရကီနိုင်ငံအနေဖြင့် ဘာသာရေးခေါင်းဆောင် ဖီသူလာဂူလန်ကို ပြန်လည်ပေးအပ်ရန် ၄င်းအခြေ ချနေထိုင်လျက်ရှိသည့် အမေရိကန်ပြည်ထောင်စုကို အပြင်းအထန် တောင်းဆိုထားသည်။
ဆင်ဟွာ။

No comments:

Post a Comment